ဘရာဇီးအမေဇုန်တောမီး ၁၅ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်

0
66

ဘရာဇီးအမေဇုန်တောမီး ၁၅ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်

ရီယိုဒီဂျနေးရိုး၊ဩဂုတ် ၂၆

ဘရာဇီးနိုင်ငံ အမေဇုန်တောမီးလောင်ကျွမ်းမှုသည် ၁၅ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာပေါ်ရှိအကြီးဆုံးမိုးသစ်တောများ အကြီးအကျယ်ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ လတ်တလောသတိပေးချက်ထုတ်ပြန်ထားသည့် တရားဝင်စာရင်းဇယားများအရသိရှိရသည်။

ဂြိုလ်တုဖြင့် စောင့်ကြည့်လေ့လာမှုအရ သြဂုတ် ၂၂ ရက် တနင်္လာနေ့တွင် မီးလောင်ကျွမ်းမှုပေါင်း ၃၃၅၈ ခုကိုတွေ့ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလနောက်ပိုင်းဖြစ်ခဲ့သည့် ၂၄ နာရီအတွင်း မီးလောင်ကျွမ်းမှုအကြိမ်ရေ အများဆုံးဖြစ်ကြောင်း ဘရာဇီးအာကာသအေဂျင်စီ INPE က ပြောကြားခဲ့သည်။

ယခုပမာဏသည် မြောက်ပိုင်းပါရာပြည်နယ်မှ လယ်သမားများက မိုးသစ်တောအမြောက်အမြားကို ဖြိုလှဲကာမီးရှို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့သည့် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ကဖော်ပြထားသည့် မီးလောင်မှုအရေအတွက်ထက်ပင် သုံးဆနီးပါးပိုများခဲ့သည်။

ထိုသို့လောင်ကျွမ်းမှုမှမီးခိုးများကကီလိုမီတာ ၂,၅၀၀ အကွာရှိ ဆော်ပေါ်လိုအထိ တောက်လျှောက်ပေါ်ထွက်ခဲ့ပြီး ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး အရင်းအမြစ်များ မီးလောင်ကျွမ်းနေသည့် ပုံများနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာစိုးရိမ်ပူပန်မှုအသံများလည်းထွက်ပေါ်လာခဲ့သည်။

INPE ၏ မီးဘေးစောင့်ကြည့်ရေး ပရိုဂရမ်ဒါရိုက်တာ Alberto Setzer ၏ ပြောကြားချက်အရ တနင်္လာနေ့ကလောင်ကျွမ်းခဲ့သောမီးသည် ရှို့မီးဖြစ်ကြောင်းအထောက်အထား မတွေ့ရဟုဆိုသည်။၎င်းတို့သည် တောင်ယာအတွက်မီးရှို့ခြင်းကတစ်ဆင့် သစ်တောပြုန်းတီးမှုများလာခြင်းကြောင့်သာ ယခုလိုတောမီးလောင်ကျွမ်းရခြင်းဖြစ်သည်ဟုဆိုသည်။

အမေဇုန်မီးလောင်မှုသည် အဓိကအားဖြင့် တရားမဝင် လယ်သမားများကတောင်ယာမီးရှို့ခြင်း၊မွေးမြူရေးသမားများနှင့် မြေယာရှင်းလင်းခြင်းနှင့် သစ်ပင်များကိုမီးတင်ရှို့ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။

ဩဂုတ်လသည် ပုံမှန်အားဖြင့် ခြောက်သွေ့သော ရာသီဥတုအချိန်သို့ ရောက်ရှိလာသဖြင့် အမေဇုန်တွင် မီး လောင်ကျွမ်းမှုရာသီ စတင်ချိန်ဖြစ်သည်။ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ပေးသည့် အဓိကကြားခံ သစ်တောအတွက် ယခုအချိန်အထိကာလသည် စိုးရိမ်စရာနှစ်ဖြစ်ခဲ့သည်။INPE သည် ပြီးခဲ့သည့်လက မီးလောင်ကျွမ်းမှု ၅,၃၇၃ ခု တွေ့ရှိခဲ့ပြီး ယမန်နှစ်ဇူလိုင်လထက် ရှစ်ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ယခုလတွင် မီးလောင်မှုပေါင်း ၂၄,၁၂၄ ခုဖြစ်ပွားခဲ့ပြီး ၂၀၀၅ ခုနှစ် သြဂုတ်လက မီးလောင်ကျွမ်းမှု ၆၃,၇၆၄ ထက် လျော့နည်းနေသေးသော်လည်း သမ္မတဂျာရစ်ဘော်ဆိုနာယိုလက်ထက်တစ်‌လျှောက်အဆိုးရွားဆုံး မီးလောင်ကျွမ်းသည့်ဩဂုတ်လဖြစ်ခဲ့သည်ဟုဆိုသည်။

ဘော်ဆိုနာယိုသည် ၎င်း၏စောင့်ကြည့်နေမှုသက်သက်ဖြင့် အမေဇုန်ပျက်စီးမှုများလာသောကြောင့် နိုင်ငံတကာ၏ ဝေဖန်မှုကိုရင်ဆိုင်နေရသည်။၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၎င်းအာဏာရလာချိန်ကတည်းက ဘရာဇီးနိုင်ငံရှိ အမေဇုန်တွင် နှစ်စဉ်သစ်တောပြုန်းတီးမှုသည် ယခင်ဆယ်စုနှစ်များနှင့် နှိုင်းယှဉ်ပါက ၇၅ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့သည်။

သို့သော် သမ္မတကထိုဝေဖန်မှုကိုပယ်ချခဲ့ပြီး “ကျွန်ုပ်တို့ကိုဝေဖန်နေမဲ့အတူတူ သစ်တောလှလှလေးလိုချင်ရင် ကိုယ့်နိုင်ငံကသစ်တော ကိုယ့်ဘာသာထိန်းသိမ်းဖို့လုပ်ဆောင်ကြပါ၊အမေဇုန်ကတော့ ဘရာဇီးအပိုင်ဖြစ်သလို နောင်လည်းဘရာဇီးကပဲပိုင်နေမှာပါ” ဟုတွစ်တာတွင်‌ရေးသားတုံ့ပြန်ခဲ့သည်။

Source – AFP/ec


LEAVE A REPLY

Please enter your comment!
Please enter your name here