မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ကာ သေဆုံးသူများရှိ

0
217

မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ကာ သေဆုံးသူများရှိ

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ် ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွင် သြဂုတ် ၂၆ ရက်ညပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ် ပွားကာ သေဆုံးသူများရှိကြောင်း သိရသည်။

ယင်းနေ့ည ၉ နာရီကျော်ခန့်က (ဌ)ရပ်ကွက်ရှိ ဝေဘာဂီလမ်းမကြီးနှင့်နှင်းဆီလမ်းထောင့်ရှိ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လူအများအပြားရောက်ရှိနေချိန်တွင် လက်လုပ်မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄ ဦးခန့်ရှိကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသဖြင့် လူနာတင်ကားများဖြင့် ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။

“ရောက်လာတဲ့လူနာတင်ကားတွေများတယ် ပေါက်ကွဲသံအကျယ်ကြီးကြားပြီး ရုံးထဲကနေ အော်ဟစ်နေကြတဲ့အသံတွေလည်းကြားတယ်ပေါက်ကွဲတာက ကျွန်တော်တို့အိမ်တောင်တုန်သွားတယ်”ဟု ရပ်ကွက်နေသူတစ်ဦးကပြော သည်။

အဆိုပါ ဖြစ်စဥ်အား Union Myanmar Civil Defence -UMCD အဖွဲ့နှင့် Rawt Malan HpyenLa – RMH(တော်လှန်ရေးရဲဘော်)တို့ပူးပေါင်းပြီး  အ ဝေးထိန်းလက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဝေဘာဂီလမ်းမကြီးအား ‌၆ ကွေ့မှတ်တိုင်အနီးမှ (ဌ)ရပ် ကွက်ရုံးအကျော်အထိ ပိတ်ဆို့စစ်ဆေးမှူများပြု လုပ်ခဲ့ကြကြောင်း သိရသည်။

Photo CJ


LEAVE A REPLY

Please enter your comment!
Please enter your name here