တရုတ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ကုန်တင်ကုန်ချဝန်ဆောင်မှုလုပ်ငန်းများကိုဆင့်ခေါ်သတိပေး

0
190

တရုတ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ကုန်တင်ကုန်ချဝန်ဆောင်မှုလုပ်ငန်းများကိုဆင့်ခေါ်သတိပေး

ပေကျင်း၊ ဩဂုတ် ၂၆

တရုတ်နိုင်ငံသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် DiDi Global ၏ကုန်တင်ကုန်ချဌာနခွဲ၊Full Truck Alliance, GOGOX နှင့် Huolala သယ်ယူပို့ဆောင်ရေးကုမ္ပဏီများအား ပုံမှန်မဟုတ်သော လုပ်ငန်းလည်ပတ်မှုများကြောင့် ဩဂုတ်လ ၂၆ ရက် သောကြာနေ့ကဆင့်ခေါ် သတိပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ အဆိုပါကုမ္ပဏီလေးခုသည် အွန်လိုင်းမှထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကိုလုပ်ဆောင်နေပြီး ထပ်တလဲလဲ ကောက်ခံခြင်း၊ဈေးနှုန်းကိုအပြိုင်အဆိုင်‌ေလျှာ့ချမှုနှင့် ယာဉ်မောင်းများ၏ တရားဝင်ရပိုင်ခွင့် အခွင့်အရေးနှင့်အကျိုးစီးပွားများကိုထိခိုက်စေသည့် အခြားသောမမှန်မကန်ပြုမှုများကြောင့် ပြဿနာများရှိသဖြင့် ယခုလိုဆင့်ခေါ်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါလုပ်ငန်းများအား ဝန်ကြီးဌာနက ၎င်းတို့၏လုပ်ငန်းလည်ပတ်မှုကို ပွင့်လင်းမြင်သာမှုရှိအောင်မြှင့်တင်ရန်၊ ဈေးနှုန်းပြိုင်ဆိုင်မှုကိုလျှော့နည်း‌ေစကာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်နှင့် ဈေးကွက်ပြိုင်ဆိုင်မှုအတွက် မျှမျှတတထိန်းသိမ်းလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်းပြောကြားခဲ့သည်။

ကုမ္ပဏီများဘက်ကလည်း ဝန်ကြီးဌာနကထုတ်ပြန်ထားသော အကြုံပြုချက်များကိုလိုက်နာမည်ဟု ဝန်ခံထားသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။အဆိုပါကုမ္ပဏီလေးခုသည် ယခုနှစ်အတွင်းဝန်ကြီးဌာန၏ အလားတူအရေးယူခံခဲ့ရပြီးဖြစ်သည်။ယခုနှစ်ဇန်နဝါရီလကတည်းကလည်း တစ်ခါဆင့်ခေါ်သတိပေးထားပြီးဖြစ်သည်။

တရုတ်အာဏာပိုင်များသည် ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းကစတင်ခဲ့သော အင်တာနက်ပလက်ဖောင်းကုမ္ပဏီများအား စည်းကမ်းတင်းကျပ်ကာ ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

DiDi Global သည် ယခုလှုပ်ရှား၏ အဓိကပစ်မှတ်ဖြစ်သည်။ယခုနှစ်အစောပိုင်းကလည်း တရုတ်နိုင်ငံ၏ဆိုက်ဘာစပေ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ဒေတာစည်းမျဉ်းများကို ချိုးဖောက်သည့်အတွက် ကုမ္ပဏီအားဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံပေးလျော်ရန်ပြစ်ဒဏ်ချမှတ်ခဲ့သေးသည်။

Source -ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here