လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေးအမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၂၂-၂၀၂၃ ကိုစတင်အကောင်အ ထည်ဖော်ဆောင်ရွက်သွားမည်

0
272

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေးအမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၂၂-၂၀၂၃ ကိုစတင်အကောင်အ ထည်ဖော်ဆောင်ရွက်သွားမည်

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှု ဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်ထွန်းခိုင်ကပြောသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)အား သြဂုတ် ၂၆ ရက်မွန်းလွဲပိုင်းက ပြုလုပ်စဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေးအမျိုးသားအဆင့် လုပ် ငန်းစီမံချက် (၂၀၂၂-၂၀၂၃)ကို စတင်အကောင် အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဒု-ဝန်ကြီးဦးအောင်ထွန်းခိုင်ကပြောသည်။

ထို့ပြင် ကာကွယ်တားဆီးရေးကော်မတီ၏ ရုံးအဖွဲ့အား ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကာ လက်ရှိတွင်ပြန် လည်ထူထောင်ရေးဦးစီးဌာနက ရုံးအဖွဲ့ ဖွဲ့စည်းပုံ (မူကြမ်း)နှင့်လုပ်ငန်းတာဝန်မူကြမ်းတို့ကို ရေးဆွဲပြုစုထားပြီးဖြစ်သည်ဟုပြောသည်။

အလားတူ လုပ်ငန်းစီမံချက်ပါ စောင့်ကြည့်စစ်ဆေးခြင်းနှင့်အကဲဖြတ်ခြင်းအပိုင်းသည် လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှုအတိုင်းအတာကို သိရှိနိုင်မည်ဟုပြောသည်။

ထို့ပြင် ရှေ့ဆက်ချမှတ်ဆောင်ရွက်ရမည့် လုပ် ငန်းစီမံချက်တို့အတွက် အားသာချက်၊အားနည်း ချက်နှင့်ကြုံတွေ့ရသည့် အခက်အခဲများအား ဆန်းစစ်နိုင်ကာ ပိုမိုကောင်းမွန်ပြည့်စုံသည့် အစီ အစဉ်တို့ကို ဖော်ထုတ်ဆောင်ရွက်နိုင်မည်ဟုပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here