ဆန်နှင့်ပဲဝါလေး ၂ မျိုးအား တစ်မျိုးလျင် ၁၀၀ ကျပ်ဖြင့်​ဒေါပုံတွင်ရောင်းမည်

0
241

ဆန်နှင့်ပဲဝါလေး ၂ မျိုးအား တစ်မျိုးလျင် ၁၀၀ ကျပ်ဖြင့်​ဒေါပုံတွင်ရောင်းမည်

ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ်၊ယမုံနာလမ်းနှင့်ဓမ္မစေတီလမ်းထောင့်ရှိ May Yu Convenience Store – Dawbon တွင်ဆန်နှင့်ပဲဝါလေး ၂ မျိုးအား တစ်မျိုးလျင် ငွေကျပ် ၁၀၀ ဖြင့် သြဂုတ် ၂၈ ရက် (မနက်ဖြန်)နေ့လည် ၃ နာရီ၌ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရောင်းချခြင်းအား စားသောက်ကုန်ပစ္စည်းများစျေးနှုန်းမြင့်တက်နေချိန်၌ အထူးအစီအစဥ်အနေဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

စားသောက်ကုန်ပစ္စည်း ၂ မျိုးအား တစ်မျိုးလျင် ငွေကျပ် ၁၀၀ ဖြင့်ရောင်းချရာတွင် Red Ruby အမှတ်တံဆိပ်များဖြစ်သည့် ဆန်လုံးရှည် ၁ ကီလိုဂရမ်နှင့်ပဲဝါလေး ၃၀၀ ဂရမ် တို့အားတစ်ဦးလျင် တစ်မျိုးစီကိုတန်းစီစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လာရောက်ဝယ်ယူသူများအနေဖြင့် ငွေအကြွေ ၁၀၀ ကျပ်အား ယူဆောင်လာပေးကြရန် May Yu Mart Dawbon ကမေတ္တာရပ်ခံထား သည်။

“ကျွန်တော်တို့က တစ်ဦးကိုကိုယ်ကြိုက်ရာတစ်မျိုးစီဝယ်ခွင့်ပြုပါတယ် ဆန်က ၁ ကီလိုဂရမ်အထုတ် ၂၀၀ နဲ့ပဲဝါလေးက ၃၀၀ ဂရမ်အထုတ် ၂၀၀ နှစ်မျိုးပေါင်း အထုတ် ၄၀၀ ရောင်းချပေးသွားမှာပါ”ဟု May Yu Mart Dawbon မှတာဝန်ရှိသူတစ်ဦးကပြောသည်၊


LEAVE A REPLY

Please enter your comment!
Please enter your name here