ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးကော်မတီက ရွှေသန့်စင်လုပ်ငန်းများ၊ ရွှေလှော်ဖိုလုပ်ငန်းများမှ တာဝန်ရှိသူများအား ယနေ့တွေ့ဆုံ

0
608

ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးကော်မတီက ရွှေသန့်စင်လုပ်ငန်းများ၊ရွှေလှော်ဖိုလုပ်ငန်းများမှတာဝန်ရှိသူများအား ယနေ့တွေ့ဆုံ

ပြည်တွင်းရွှေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် ရန်ကုန်၊မန္တလေးနှင့်မော်လမြိုင်မြို့တို့ရှိ ရွှေသန့်စင်လုပ်ငန်းရှင်များ၊ရွှေလှော်ဖိုလုပ်ငန်းရှင်များကို ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးကော်မတီက သြဂုတ် ၂၇ ရက်(ယ နေ့)မွန်းလွဲ ၂ နာရီမှစတင်ကာ နေပြည်တော်၌ တွေ့ဆုံလျက်ရှိ ကြောင်းသိရသည်။

ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ရွှေလုပ်ငန်းရှင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအမှတ်(၂)သတ္ထုတွင်းလုပ်ငန်း၊ရန်ကုန်၊မန္တလေးမြိုတော်စည်ပင်တို့မှတာဝန်ရှိသူများကိုလည်း တစ်ပြိုင်ထဲအစည်းအ ဝေးဖိတ်ကြားထား‌ ထုတ်ပြန်စာအရသိရှိရသည်။

ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ သြဂုတ် ၂၆ ရက်ညနေပိုင်းတွင် အပိတ်ဈေးနှုန်း အကယ်ဒမီရွှေ(၁)ကျပ်သားလျင် ၂၀၅၅၀၀၀ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် အမှန်တကယ် အရောင်းအဝယ်ပြုလုပ်နေသည့် ပေါက်ဈေးနှင့် ၈ သိန်းကျော်ကွာဟနေသည်။

ဩဂုတ် ၂၆ ရက်ညနေပိုင်းက ရန်ကုန်ရွှေဈေးကွက်တွင် အပိတ်ဈေးအရ အကယ်ဒမီ မီးလင်းအခေါက်ရွှေ ၁ ကျပ်သားလျင် ၂၈ သိန်းခွဲအထိ ဈေးရှိနေကြောင်း သိရသည်။

ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးကော်မတီနှင့်ရွှေသန့်စင်လုပ်ငန်းများ၊ရွှေလှော်ဖိုလုပ်ငန်းများမှတာဝန်ရှိသူများတွေ့ဆုံရာတွင် ပြင်ပတွင်ဖြစ်ပေါ်နေသည့် ရွှေစျေးနှုန်းများအား အတိုင်းအတာတစ်ခုအထိ အပြောင်းအလဲဖြစ်နိုင်လိမ့်မည်ဟု သုံးသပ်မှုများရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here