လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်များအတွင်းရေဝင်ရောက်နေ

0
166

လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်များအတွင်းရေဝင်ရောက်နေ

ရှမ်းပြည်နယ်၊လားရှိုးမြို့တွင် သြဂုတ် ၂၇ ရက် (ယနေ့)နံနက် ၅ နာရီခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့၏ ၈ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၁၀ ရပ်ကွက်နှင့် ၁၂ ရပ်ကွက်များအတွင်းရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် လမ်းရေကျော်မှုများလည်းဖြစ်ပေါ်နေသဖြင့် လားရှိုးခရိုင်မီးသတ်စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ် ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ကူညီမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ရေကျော်နေတဲ့လမ်းတွေမှာ သွားလာနေတဲ့လူတွေအန္တရာယ်မဖြစ်အောင် အမှတ်အသားတွေလုပ်ပေးတယ် သွားလာလို့အဆင်ပြေအောင်ကူညီပေးခဲ့ပါတယ် ရေဝင်နေတဲ့အိမ်တွေကိုလည်း လို အပ်တာတွေကူညီပေးနေပါတယ်”ဟု လားရှိုးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေဝင်ရောက်နေသည့်အခြေအနေအား တာဝန်ရှိသူများက စောင့်ကြည့်လျက်ရှိပြီး ရေဝင်ရောက်မှုပိုမိုများပြားလာပါက ရေဘေးလွတ်ကင်းသည့်နေရာများသို့ အလျင်အမြန်ရွှေ့ပြောင်းပေးရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here