ပြည်ပသို့ ဆန်ပုံမှန် တင်ပို့နေသော်လည်း ပြည်တွင်း စားသုံးရန် ဆန်လက်ကျန် ဖူလုံမှုရှိ‌ကြောင်း စီးပွားကူးသန်း ဒုဝန်ကြီးပြော

0
295

ပြည်ပသို့ ဆန်ပုံမှန် တင်ပို့နေသော်လည်း ပြည်တွင်း စားသုံးရန် ဆန်လက်ကျန် ဖူလုံမှုရှိ‌ကြောင်း စီးပွားကူးသန်း ဒုဝန်ကြီးပြော


လူမှုကွန်ရက် စာမျက်နှာများနှင့် မီဒီယာအချို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်တွင်း၌ ဆန်လက်ကျန်နည်းပါးနေသည်ဟု ဖော်ပြမှုများနှင့်ပတ်သက်၍ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးကပြောကြားခဲ့ခြင်းဖြစ်သည်။

ဝိသမ လောဘသားများ၏ ဈေးကစားရန်ဉာဏ်ဆင်၍ ဆန်ဈေးနှုန်းဆွဲတင်မှုကြောင့် ဈေးနှုန်းကြီး မြင့်မှုအပေါ် ပြည်တွင်းဆန်လက်ကျန်အခြေအ နေမှန်အား ပြည်သူ များသိရှိနိုင်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ယမန်နှစ် မိုးစပါးစိုက်ဧက(၁၅) သန်းခန့်ရှိခဲ့ပြီး စပါးထွက်ရှိမှုအနေဖြင့် တင်းသန်းပေါင်း ၁၀၈၈ ရှိခဲ့ကာ နွေစပါးစိုက်ဧက ၂ သန်းမှလည်း စပါးတင်းပေါင်း ၂၁၃ သန်း ထွက်ရှိခဲ့သဖြင့်(စုစုပေါင်း စပါးတင်း ၁၃၀၁ သန်း)နှင့်ညီမျှသည့်ဆန်တန် ၁၃ ဒသမ ၀၁ သန်းရှိခဲ့သည်ဟု ပြော သည်။

ထို့ပြင် ထွက်ရှိသည့် စပါးများမှ အလေအလွင့် နုတ် ပယ် ၍ အသားတင်ပိုလျှံမှုပမာဏမှာ ဆန်တန်ချိန် ၁၂ ဒသမ ၂၈၂ သန်းခန့်ဖြစ်၍ ပြည်တွင်းရှိ လူဦးရေ ၅၅ သန်း ၏ စားသုံးရန်လိုအပ်ချက်မှာ ဆန်တန်ချိန် ၉ ဒသမ ၄၀၂ သန်းဖြစ်သောကြောင့် ပြည်ပတင်ပို့နိုင်မှုပမာဏမှာ ၂ ဒသမ ၈၈ သန်းခန့် ဖြစ်သည်ဟုပြောသည်။

အလားတူ ၂၀၂၂ ခုနှစ်၊သြဂုတ်လကုန်အထိ ပြည် ပတင်ပို့နိုင်မှုပမာဏသည် ဆန်တန်ချိန် ၁ ဒသမ ၃၃၈ သန်းနှင့်ဆန်ကွဲတန်ချိန် ၀ ဒသမ ၈၀၈ သန်းသာဖြစ်၍ သြဂုတ်လကုန်တွင် ပြည်တွင်း၌ လက် ကျန်ဆန်တန်ချိန် ၃ ဒသမ ၆၃၅ သန်းခန့်ရှိသည်ဟု သိရသည်။

အဆိုပါ လက်ကျန်ဆန်များအပေါ် စက်တင်ဘာ လမှဒီဇင်ဘာလအထိ ၄ လစာ ပြည်တွင်းစားသုံးရန် လိုအပ် ချက်ပမာဏ ဆန်တန်ချိန် ၃ ဒသမ ၁၃၄ သန်းသာဖြစ်ပြီး စက်တင်ဘာလကုန်တွင် ယခုနှစ်မိုးရာသီစိုက်ပျိုးသည့် မိုးစပါးစိုက်ဧက ၁၅သန်းမှ စတင်ပေါ်ထွက်လာမည်ဖြစ် ၍ ပြည်ပသို့ ဆန်ပုံမှန်အတိုင်း ဆက်လက်တင်ပို့ရောင်းချနိုင်သည့်အပြင် ပြည်တွင်းစားသုံးမှုအတွက်စိုးရိမ်စရာမရှိဟု ရှင်းလင်းပြောကြားခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းမှထွက်ရှိသည့် လယ်ယာထွက် ကုန်သီးနှံများအပါအဝင် အခြေခံစားသောက်ကုန်များ ပြည်ပတင်ပို့ရာတွင် ပြည်တွင်းစားသုံးမှုပို လျှံမှသာ ပြည်ပတင်ပို့ခြင်းအားခွင့်ပြုပေးပြီး ဆန်ပြည်ပတင်ပို့မှုတွင်လည်း ပြည် တွင်းဖူလုံမှုကို ဦးစားပေးတွက်ချက်ချန်လှပ်ပြီး စိစစ် ၍စနစ် တကျ တင်ပို့ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ ပြည်တွင်းဆန်လက်ကျန် အ နေအထားသည် မိုးစပါးသစ်မထွက်ပေါ်မီ အချိန်ထိ ဖူလုံပိုလျှံသည့်ပမာဏရှိကြောင်း ဒု-ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here