ကမ္ဘာတစ်ပတ်တစ်ကိုယ်တော်ပျံသန်းသည့် အသက်အငယ်ဆုံးလေယာဉ်မှူး

0
214

ကမ္ဘာတစ်ပတ်တစ်ကိုယ်တော်ပျံသန်းသည့် အသက်အငယ်ဆုံးလေယာဉ်မှူး

အသက် ၁၇နှစ်နဲ့ ၂လသာရှိသေးတဲ့ Mack Rutherford ဆိုတဲ့ လူငယ်လေးဟာ ကမ္ဘာကိုပတ်ပြီး လေယာဉ်နဲ့ တစ်ကိုယ်တော်ပျံသန်းနိုင်တဲ့ အသက်အငယ်ဆုံး လေယာဉ်မှူးအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းဝင်သွားပါတယ်။

သူဟာ ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့က ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့ကနေ သူ့လေယာဉ်ငယ်လေးနဲ့ ထွက်ခွာလာခဲ့ပြီး၊ သြဂုတ်လ ၂၄ ရက်နေ့မှာတော့ သူစတင်ထွက်ခွာလာတဲ့ ဆိုဖီယာမြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

သူ့ခရီးစဉ်မှာ နိုင်ငံပေါင်း ၅၂ နိုင်ငံနဲ့၊ တိုက်ကြီး ၅ တိုက်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Mack Rutherford ဟာ ဗြိတိန်နိုင်ငံသား မိဘနှစ်ပါးကနေ ဘယ်လ်ဂျီယံနိုင်ငံမှာ ၂၀၀၅ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ကမ္ဘာ့စံချိန်တင် ခရီးစဉ်ကို စတင်တုန်းက သူဟာ ၁၆ နှစ်ကျော်ပဲရှိသေးပြီး၊ ၁၇ နှစ်တောင် မပြည့်သေးပါဘူး။ သူ့ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့ကို သူ့လေယာဉ်လေးပေါ်မှာပဲ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

သူ့အရင် အသက်အငယ်ဆုံး တစ်ကိုယ်တော် ကမ္ဘာပတ်ပျံသန်းသူအဖြစ် စံချိန်တင်ခဲ့တာကလဲ သူ့အစ်မ Zara Rutherford ဖြစ်ပါတယ်။ Zara Rutherford ဟာ အသက် ၁၉ နှစ်အရွယ်မှာ ကမ္ဘာပတ်ပြီး တစ်ကိုယ်တော်ပျံသန်းခဲ့တာပါ။ သူ့ခရီးစဉ်ကတော့ ၁၉၉ ရက်ကြာခဲ့ပါတယ်။

ဒီကမ္ဘာ့စံချိန်တွေကို သူတို့မိသားစုထဲကပဲ မောင်နှမနှစ်ယောက်ရရှိခဲ့လို့ အထူးဂုဏ်ယူမိတယ်လို့ Mack Rutherford ကပြောပါတယ်။

Ref: Mack Rutherford becomes youngest pilot to fly solo around the world


LEAVE A REPLY

Please enter your comment!
Please enter your name here