ဒေါ်လာဈေးကစားနေသူများနှင့် တရားမဝင် ဒေါ်လာရောင်းချသူများကို ထိရောက်စွာ အရေးယူမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

0
140
ဒေါ်လာဈေးကစားနေသူများနှင့် တရားမဝင် ဒေါ်လာရောင်းချသူများကို ထိရောက်စွာ အရေးယူမည်ဟု ဗဟိုဘဏ်ထုတ်ပြန်
ဒေါ်လာ ဈေးနှုန်း ၃၀၀၀ ကျော်အထိ မြင့်တက်ကာ ထိန်း သိမ်းရန် အခက်တွေ့နေချိန်တွင် ဒေါ်လာဈေးကစားသူများနှင့် တရားမဝင် ရောင်းဝယ်သူများကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း နစကလက်အောက်ခံ ဗဟိုဘဏ်က သတင်းထုတ်ပြန်လာသည်။
ယနေ့ ဩဂုတ်လ (၂၇) ရက် ရက်စွဲဖြင့် ဗဟိုဘဏ်က အ ဆိုပါ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်လာခြင်း ဖြစ် သည်။
ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်တွင် စက်သုံးဆီတင်သွင်းသူများ နိုင်ငံခြားငွေလွယ်ကူစွာ ရရှိရေးအတွက် အခြားဆက်စပ်ဝန်ကြီးဌာနများနှင့် ထိန်းသိမ်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံခြားငွေဈေးနှုန်းဆွဲတင်နေမှုများနှင့် အွန်လိုင်းမှတဆင့် တရားမဝင် ရောင်းဝယ်နေမှုများကို မယုံကြည်ကြရန်လည်း ဗဟိုဘဏ်က တိုက်တွန်းထားသည်။
လက်ရှိတွင် ဈေးကွက်အတွင်း အမေရိကန် (၁) ဒေါ်လာလျင် မြန်မာငွေ (၃၀၀၀) ကျပ် ကျော် ဈေးပေါက်နေပြီး ဗ ဟိုဘဏ်၏ ရည်ညွှန်းဈေးနှုန်းမှာ (၁) ဒေါ်လာလျင် (၂၁၀၀) ကျပ် ဖြစ်သည်။
ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားရာတွင် ဗဟိုဘဏ်က သတ်မှတ်ထားသည့် (၂၁၀၀) ကျပ်နှင့် (၃) ရာခိုင်နှုန်းသာ ကွာဟရောင်းဝယ်ကြရန် ဗဟိုဘ ဏ်က ညွှန်ကြားထားသော်လည်း လက်ရှိဈေးကွက်တွင် (၁၀၀၀) ကျပ်နီးပါး ကွာဟနေခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here