မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသများ၌ ကိုဗစ်(၁၉)ရောဂါအပါအဝင် ကူးစက်ရောဂါများကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည်

0
210

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသများ၌ ကိုဗစ်(၁၉)ရောဂါအပါအဝင် ကူးစက်ရောဂါများကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည်

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့်ထိုင်းနိုင်ငံ၊ဒု-ဝန်ကြီး ချုပ်နှင့်ပြည်သူ့ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ကိုဗစ်(၁၉)ရောဂါအ ပါအဝင် ကူးစက်ရောဂါများ ကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများအား ပိုမိုမြှင့်တင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။


အလားတူ ထိုင်းနိုင်ငံမှ ကိုဗစ်(၁၉)ရောဂါကာကွယ်တာဆီးထိန်းချုပ်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံသိုလှူဒါန်းမည့် ဆေးနှင့်ဆေးပစ္စည်းများ၊ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးများဆိုင်ရာနှင့်နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုလည်း ဆွေး နွေးခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် ထိုင်းနိုင်ငံ၊ဒု-ဝန် ကြီးချုပ်နှင့်ပြည်သူ့ကျန်းမာရေးဝန်ကြီး၏ ဖိတ် ကြားချက်အရ ဘန်ကောက်မြို Bangrak Medical Center Building ၌ကျင်းပသည့် ပြည်သူ့ကျန်းမာ ရေး အရေးပေါ်အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ တက်ရောက်ပြီးနောက် ဖွင့်ပွဲအခမ်းအနားအား ဒုတိယဝန်ကြီးချုပ်၊အာဆီနိုင်ငံများက ကိုယ် စားလှယ်များနှင့်အတူ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ 

ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများဆိုင်ရာ အာဆီယံစင်တာအတွင်းရေးမှူးရုံးသည် ဂျပန်နိုင်ငံအထောက်အပံ့ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများ၏ ပြည်သူ့ကျန်းမာရေးအ ရေးပေါ် ဆိုင်ရာ အခြေအနေများကို တုံပြန်ဆောင် ရွက်နိုင်ခြင်း၊ကူးစက်မြန်ရောဂါဖြစ်ပွားမှုများ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအ တွက် အာဆီယံနိုင်ငံများအချင်းချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊အာဆီယံနိုင်ငံများအတွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များဖလှယ်နိုင်ခြင်း၊သင်တန်းများဖွင့်လှစ်ပိုချနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here