ရုရှားရောက် ယူကရိန်းများအား ငွေကြေးထောက်ပံ့မှုပေးမည့် အတည်ပြုဒီကရီအမိန့်ပူတင်လက်မှတ်ထိုး

0
180

ရုရှားရောက် ယူကရိန်းများအား ငွေကြေးထောက်ပံ့မှုပေးမည့် အတည်ပြုဒီကရီအမိန့်ပူတင်လက်မှတ်ထိုး

ရုရှား-ယူကရိန်းအရေးကြောင့် ယူကရိန်းမှရုရှားသို့ ခိုလှုံလာသူများအား ငွေကြေးအကျိုးခံစားခွင့်များ ပေးအပ်သွားမည့်အတည်ပြု ဒီကရီအမိန့်ကိုသမ္မတပူတင်က စနေနေ့ကလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဒီကရီအရ ငွေကြေးထောက်ပံ့ပေးမည့်သူများတွင် ပင်စင်စားများ၊မသန်စွမ်းသူများနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများပါဝင်သည်။ထို့ကြောင့် ဖေဖော်ဝါရီ ၁၈ မှစ၍ ယူကရိန်းမှမဖြစ်မနေထွက်ခွာခဲ့ရသူများအား လစဉ်ထောက်ပံ့ကြေးအနေဖြင့် ဒေါ်လာ ၁၇၀ (ရူဘယ် ၁၀၀၀) ပေးမည်ဖြစ်ကြောင်းဖော်ပြထားသည်။

အဆိုပါထောက်ပံ့ကြေးပမာဏကို မသန်စွမ်းသူများအတွက်လည်းရည်ရွယ်ကာ ထောက်ပံ့သွားမည်ဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုလည်းအကျိုးခံစားခွင့်တစ်ခုခုစီစဉ်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။

ဖေဖော်ဝါရီလကတည်းက ယူကရိန်းနိုင်ငံ Donetsk နှင့် Luhansk ဒေသမှ ရုရှားသို့ရောက်လာသူတိုင်းကို ရူဘယ်တစ်ထောင်ပေးရန် သမ္မတပူတင်ကအမိန့်ပေးထားသည်။

ထိုမျှသာမက ရုရှားသည် ၎င်းတို့ထံသို့စွန့်စားဝင်ရောက်လာသူ ယူကရိန်းနိုင်ငံသားများကိုလည်း ရုရှားနိုင်ငံကူးလက်မှတ်များထုတ်ပေးလျက်ရှိကြောင်းသိရှိရသည်။ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များကမူ ရုရှားသည်သိမ်းပိုက်ထားသောနယ်မြေကို တရားမဝင်ရယူရန်ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဆိုကြသည်။

ယခုဒီကရီအမိန့်သည် ရက်ပိုင်းအတွင်းပူတင်လက်မှတ်ရေးထိုးခဲ့သည့် ဒုတိယအကြိမ်မြောက်အမိန့်ဖြစ်သည်။ Wion ၏အစီရင်ခံချက်အရ ပူတင်သည်ကြာသပတေးနေ့ကလည်း နိုင်ငံ၏စစ်အင်အားကို သိသိသာသာတိုးချဲ့ခွင့်ပြုခဲ့သည်။

အဆိုပါအမိန့်အရ ပူတင်အနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် စစ်တပ်အင်အားကို ၁၃၇,၀၀၀ (သို့) ၁၃ ရာခိုင်နှုန်းမှ ၁ ဒသမ ၁၅ သန်းအထိထပ်တိုးကာ ရုရှား၏စုစုပေါင်းလက်နက်ကိုင်တပ်ဖွဲ့ကို ၂ ဒသမ ၀၄ သန်းအထိတိုးမြှင့်မည်ဖြစ်ကြောင်းသိရှိရသည်။

အနောက်အုပ်စု၏ခန့်မှန်းချက်အရ ရုရှားသည် ယခုတစ်ပွဲတွင် အာဖဂန်နစ္စတန်၌ဆယ်နှစ်ကြာဖြစ်ပွားခဲ့သော စစ်ပွဲတွင်  ရုရှားနိုင်ငံသားတို့၏အသက်များ ဆုံးရှုံးခဲ့သည်ထက်ပိုမိုဆုံးရှုံးရနိုင်ကြောင်းခန့်မှန်းထားကြသည်။ယနေ့အချိန်ထိရုရှားစစ်သား ၈၀,၀၀၀ ကျော်ခန့်သေဆုံးဒဏ်ရာရရှိမှုများရှိနိုင်သည်ဟု ပြီးခဲ့သည့်အပတ်က ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here