ကမ္ဘောဒီးယားတွင် လူကုန်ကူးခံရသည့်နိုင်ငံခြားသား ရှစ်ရာကျော်အားကယ်တင်ထားနိုင်

0
199

ကမ္ဘောဒီးယားတွင် လူကုန်ကူးခံရသည့်နိုင်ငံခြားသား ရှစ်ရာကျော်အားကယ်တင်ထားနိုင်

ဖနွမ်းပင်၊ဩဂုတ် ၂၈

ကမ္ဘောဒီးယားနိုင်ငံတွင် လူကုန်ကူးခံရပြီး တစ်ဖွဲ့မှတစ်ဖွဲ့ အဆင့်ဆင့်လက်လွှဲရောင်းချခံထားရသည့် နိုင်ငံခြားသားပေါင်း ၈၆၅ ဦးကို ကယ်တင်နိုင်ခဲ့သည်။ သို့သော်လည်း နောက်ထပ်များစွာယ်တင်ရန်ကျန်နေသေးကြောင်း ရဲများကဆိုသည်။

အဆိုပါလူကုန်ကူးခံရသူများအား Sihanoukville မြို့မှာတင်မက Kandal၊ Svay Rieng၊Kampot နှင့် Kep စသည့်ကမ်းရိုးတန်းမြို့များနှင့် မြို့တော်ဖနွမ်းပင်မှလည်းတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အင်ဒိုနီးရှား၊ထိုင်း၊ဟောင်ကောင်နှင့်တိုင်ပေတို့သာမက မလေးရှားနှင့်ဗီယက်နမ်တို့တွင်လည်း အခြေခံလုပ်သားများအား လစာကောင်းကောင်းရမည်ဟု မက်လုံးပေးမြှူဆွယ် ကာလူကုန်ကူးသူများကို နှိမ်နင်းနေလျက်ရှိကြောင်းသိရှိရသည်။

ဂျကာတာနှင့်အခြားမြို့များရှိ အင်ဒိုနီးရှားသက်ဆိုင်ရာအာဏာပိုင်များနှင့် ကမ္ဘောဒီးယားအခြေစိုက် အင်ဒိုသံရုံးတို့၏အကူအညီများမပါလျှင် ယခုစစ်ဆင်ရေးအောင်မြင်နိုင်မည်မဟုတ်ဟု စုံစမ်းစစ်ဆေးမှုတွင်ပါဝင်သည့် အမည်မဖော်လိုသူအရာရှိတစ်ဦးကခမာတိုင်းမ်စ်သတင်းဌာနကို‌ေပြာကြားခဲ့သည်။

ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၂၀ ရက်အထိ လူကုန်ကူးမှု ၈၇ မှုတွင် နိုင်ငံခြားသား ၈၆၅ ဦးကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပြီး ၁၇ မှုတွင် လူကုန်ကူးမှုအတွက်သံသယရှိသူ ၆၀ ဦးကို တရားရုံးသို့ ပို့ဆောင်ခဲ့ကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီး Sar Kheng က သောကြာနေ့တွင်ပြောကြားခဲ့သည်။

သုတေသန နှင့် စစ်ကြောရေးရလဒ်များ အရ အဆိုပါနိုင်ငံခြားသားအများစုသည် ဆိုရှယ်မီဒီယာ မှ တဆင့်ကမ္ဘောဒီးယား နိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် လာ‌ရောက်ခဲ့ခြင်းဖြစ်ပြီး အများအားဖြင့်လစာကောင်းသောအလုပ်များရမည်ဟု လှည့်ဖြားခေါ်ဆောင်ခြင်းခံခဲ့ရ‌ကြောင်းသိရှိရသည်။

“သူတို့ဟာ တရားမဝင်အွန်လိုင်း လောင်းကစား ကုမ္ပဏီတွေမှာ အလုပ်ခိုင်းခံရပြီး လူကုန်ကူးမှုရဲ့သားကောင်တွေ ဖြစ်လာခဲ့တယ်” ဟု ၎င်းကဆိုသည်။

Kandal ဒေသတွင်ဖမ်းဆီးထိန်းသိမ်းခံရသူ ဗီယက်နမ်နိုင်ငံသား ၄၂ ဦးတို့သည် အခြားတရားမဝင်လှုပ်ရှားမှုများနှင့် အလုပ်သမားများရောင်းဝယ်ဖောက်ကားရာ ကာစီနိုတစ်ခုတွင်အလုပ်လုပ်နေခြင်းဖြစ်ကာ လူကုန်ကူးမှု၊ချစ်ကြိုက်‌ယောင်ဆောင်လိမ်လည်ဗီဒီယိုခေါ်ဆိုမှုများကို လျှို့ဝှက်ရိုက်ကူးမှုများ၊အကြွေးဝယ်ကတ် လိမ်လည်မှုများ၊ ဖြားယောင်းမှုများကိုပြုလုပ်နေကြောင်းသိရှိရသည်။

ထို့ပြင် လိမ်လည်သူများသည် အစိုးရဝဘ်ဆိုက်အတုများကိုပြုလုပ်ကာ ဘဏ်များ၏အချက်အလက်များ (သို့) ဘဏ္ဍာရေးအချက်အလက်များကိုခိုးယူရန်ကမ်းလှမ်းမှုများဖြင့် ရင်းနှီးမြှုပ်နှံသူများအဖြစ် ဟန်ဆောင်နိုင်သည်ဟုဖော်ပြထားသည်။

ထိုသို့သော ပြစ်မှုကျူးလွန်သူများသည် လူကုန်ကူးခံရသူများ၏ဆန္ဒမပါဘဲ တစ်ဖွဲ့မှတစ်ဖွဲ့၊တစ်နေရာမှတစ်နေရာရွှေ့ပြောင်းခြင်းများပြုလုပ်ကြပြီး ၎င်းတို့၏အမိန့်ကိုမနာခံပါက အကြမ်းဖက်ခြိမ်းခြောက်မှုများပါပြုလုပ်ကြကြောင်းဖော်ပြထားသည်။

Source -ခမာတိုင်းမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here