ပြည်မြို့တွင် PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူး လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းသို့ လက် နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာသူ ၄ ဦးအား မိဘများထံပြန်လည်အပ်နှံ

0
324

ပြည်မြို့တွင် PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူး လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းသို့ လက် နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာသူ ၄ ဦးအား မိဘများထံပြန်လည်အပ်နှံ

ပဲခူးတိုင်း၊ပြည်မြို့တွင် PDF အဖွဲ့ဝင်များထဲမှ ပြစ် မှုကျူးလွန်ခြင်းမရှိဘဲ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက် လာသူ ၄ ဦးအား သြဂုတ် ၂၈ ရက်နံနက်ပိုင်းက မိဘများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။

ပြည်မြို့၊နယ်မြေခံတပ်ရင်းခန်းမ၌ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန် လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ပြန်လည်အပ်နှံပေးခဲ့ခြင်းဖြစ်သည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ပြည်တပ်နယ်မှ ဗိုလ် မှူးချုပ်အောင်နိုင်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ 

ထို့နောက် ကြို့ပင်ကောက်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦးတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် ၎င်းတို့ယူ ဆောင်လာသည့် လက်နက်ခဲယမ်းများကို လွှဲ ပြောင်းရယူ၍ မိဘအုပ်ထိန်းသူများထံသို့ လွှဲ ပြောင်းအပ်နှံပေးခဲ့ကြသည်။

ထို့ပြင် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက် လာသူ ၄ ဦးအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အား နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူး ပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက် နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု နစက ကအသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here