ပြင်ဦးလွင် မြို့ရှောင်လမ်းတွင် ၂၂ ဘီးကားနှင့် ၆ ဘီးကားတိုက်မိပြီး ၉ ဦးသေဆုံး

0
315

ပြင်ဦးလွင် မြို့ရှောင်လမ်းတွင် ၂၂ ဘီးကားနှင့် ၆ ဘီးကားတိုက်မိပြီး ၉ ဦးသေဆုံး

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊မြို့ရှောင်လမ်းတွင် ၂၂ ဘီးကားနှင့် ၆ ဘီးကားတိုက်မိမှု သြဂုတ် ၂၈ ရက်ညပိုင်းကဖြစ်ပွားခဲ့သဖြင့် ၉ ဦးသေဆုံးခဲ့ကြောင်း ပြင်ဦးလွင်နာရေးကူညီမှုအသင်းမှ သိရသည်။


ယင်းနေ့ည ၇ နာရီခွဲခန့်က မြို့ရှောင်လမ်း၌ ကားတိုက်မှုဖြစ်ပွားကာ သေဆုံးသူနှင့်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ ပြင်ဦးလွင်နာရေးကူညီမှုအသင်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ကားနှစ်စီးတိုက်မိမှုကြောင့် အခင်းဖြစ်ပွားရာနေရာတွင် ၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ ပို့ဆောင်၍ဆေးကုသမှုခံယူစဥ် ၄ ဦးထပ်မံသေဆုံးသွားခဲ့သဖြင့် သေဆုံးသူ အမျိုးသား ၆ ဦးနှင့်အမျိုးသမီး ၃ ဦး(စုစုပေါင်း ၉ ဦး)ရှိခဲ့ကြောင်း သိရသည်။

အလားတူ ထိခိုက်ဒဏ်ရာရရှိသူများအနက် စိုးရိမ်ရဒဏ်ရာများရရှိခဲ့သည့် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့အား ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here