အင်းယားကန်အတွင်းသို့ လူတစ်ဦးခုန်ချမှုဖြစ် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေ

0
576

အင်းယားကန်အတွင်းသို့ လူတစ်ဦးခုန်ချမှုဖြစ် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေ

ရန်ကုန်တိုင်း၊ကမာရွတ်မြို့နယ်၊အင်းယားကန်အတွင်းသို့ သြဂုတ် ၂၉ ရက်(ယနေ့)မွန်းလွဲ ၂ နာရီ ၆ မိနစ်ခန့်က အမျိုးသားတစ်ဦးခုန်ချခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ထို့ကြောင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကန်စပ်မှာ ဖိနပ်နဲ့ဦးထုပ်ကိုတွေ့တယ် လက်ရှိကတော့ရှာဖွေဆဲပဲ ကယ်ဆယ်ရေးဘုတ်တွေနဲ့ရှာနေတယ် ရေငုတ်ကျွမ်းကျင်တဲ့လူတွေကလည်းရေငုတ်ပြီးရှာနေကြတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ယခု ရက်ပိုင်းအတွင်း၌ သေကြောင်းကြံစည်မှုအများအပြားဖြစ်ပေါ်လျက်ရှိကာ သြဂုတ် ၂၈ ရက်နေ့လည်ပိုင်းကလည်း ပြည်မြို့ရှိ နဝဒေးတံတားပေါ်မှ သားအမိနှစ်ဦးရေထဲသို့ခုန်ချ၍ သေကြောင်းကြံစည်မှုအား လက်ရှိအချိန်အထိ ရှာဖွေနေဆဲဖြစ်သည်။

အလားတူ ကမ္ဘာအေးလူကူးဂုံးကျော်တံတားပေါ်မှလည်း သြဂုတ် ၂၅ ရက်က အမျိုးသားကြီးတစ်ဦးခုန်ချခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here