ချစ်ရတဲ့ပရိသတ်တွေအတွက် ရေမွှေးဖြန့်ချီရောင်းချသွားမယ့်အကြောင်း Eaindra Kyaw Zin Merchandise Team မှထုတ်ပြန်

0
1000

ချစ်ရတဲ့ပရိသတ်တွေအတွက် ရေမွှေးဖြန့်ချီရောင်းချသွားမယ့်အကြောင်း Eaindra Kyaw Zin Merchandise Team မှထုတ်ပြန်

ပြည်သူ့အချစ်တော် အိန္ဒြာကျော်ဇင်ရဲ့ ချစ်ရတဲ့ပရိသတ်တွေအတွက်စျေးသက်သာတဲ့ ရေမွှေးမျိုးရောင်းချရန်လွန်ခဲ့တဲ့ ၂ နှစ်က စီစဥ်ထားခဲ့တာဖြစ်ပြီး ဩဂုတ်လ ၂၈ ရက်နေ့မှာတော့ Eaindra Kyaw Zin Merchandise Team မှမကြာခင် ဖြန့်ချီရောင်းချရန်စီစဥ်ထာကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး Eaindra Kyaw Zin Merchandise Team က


” Eaindra Kyaw Zin Merchandise Team အနေနဲ့ သတင်းလေးတစ်ခုပြောပြချင်ပါတယ်
အစ်မ Eaindra Kyaw Zin ဟာ
လွန်ခဲ့တဲ့ ၂နှစ်ကျော်ကာလကတည်းက
သူချစ်တဲ့ ပရိသတ်အတွက် ရေမွှေးကို
အမှတ်တရ ဖြန့်ချီပေးချင်ခဲ့တာ
အားလုံးလည်း သိပြီးသားဖြစ်လိမ့်မယ်လို့
ထင်ပါတယ်နော် ဒါပေမယ့်
အခုအချိန်မှာတော့ အစ်မဟာ
ကျန်းမာရေးအခြေအနေကြောင့် ကိုယ်တိုင်လုပ်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး
ပြီးတော့ ရေမွှေးပုလင်းတွေက သက်တမ်းတစ်ခုလည်းရှိပြီး ကာလအရှည်ကြီးသိမ်းဆည်းထားဖို့လည်း မဖြစ်နိုင်တာကြောင့်
Beauty Diary ကပဲ အစ်မရဲ့ ပရိသတ်တွေအတွက် အမှတ်တရရေမွှေးပုလင်းလေးတွေကို
ဖြန့်ချီပေးသွားမှာပါ

Beauty Diary က ဖြန့်ချီတဲ့ အချိန်ကျရင်တော့
အစ်မကိုယ်တိုင် အပင်ပန်းခံကြိုးစားခဲ့တဲ့
ရေမွှေးလေးတွေကို အားပေးအကဲဖြတ်ပေးကြပါဦးလို့ သတင်းစကားလေးပါးလိုက်ပါတယ်

ပရိသတ်တွေ အားလုံးကိုသတိရ​ကြောင်း၊
ပရိသတ်တွေနဲ့ ပြန်ဆုံနိုင်အောင် ကျန်းမာရေးကို
ဂရုစိုက်ပြီး နေထိုင်နေကြောင်းလည်း
အစ်မက စကားလက်ဆောင်လေးပါးခိုင်းလိုက်ပါတယ်” လို့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ရေမွှေးကိုစျေးအသက်သာဆုံးနဲ့ဝယ်ယူနိုင်မှာပဲဖြစ်ပြီး Beauty Diary ကပဲ ပရိသတ်တွေအတွက် အမှတ်တရရေမွှေးပုလင်းလေးတွေကို
ဖြန့်ချီပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here