ရွှေဈေးကစားနေသည့် လေပတ်ကား သမားများ၊ ဘဏ်စနစ် အသုံးမပြုသူများနှင့် စာရင်းမတင်ပြသူများကို အ ရေးယူမည်

0
192

ရွှေဈေးကစားနေသည့် လေပတ်ကား သမားများ၊ ဘဏ်စနစ် အသုံးမပြုသူများနှင့် စာရင်းမတင်ပြသူများကို အ ရေးယူမည်

ဈေးကွက်အတွင်း ရွှေဈေးနှုန်း မတည်မငြိမ် ဖြစ်စေရန် ဈေးကစားနေသည့် လေပတ်ကားသမားများကို ဖမ်းဆီး အရေးယူမည့်အပြင် ရွှေအရောင်းအဝယ် ပြုလုပ်ရာတွင် စာရင်းတင်ပြရန်ပျက်ကွက်သူများနှင့် ဘဏ်စနစ်အသုံးမပြုသူများကိုပါ အရေးယူဖြစ်ကြောင်း ရန်ကုန်ရွှေအ သင်း ဥက္ကဋ္ဌက ပေါ်ပြူလာနယူး (စ်)သို့ ပြောသည်။

 

ပြီးခဲ့သည့် စနေနေ့က ရွှေလုပ်ငန်းရှင်များကို နေပြည် တော်သို့ ခေ့်ယူတွေ့ဆုံစဉ် နစက၏ ညွှန်ကြားချက်များနှင့် ပတ်သက်၍ မေးမြန်းစဉ် ရွှေအသင်းဥက္ကဋ္ဌက ပြန် လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

” လေပတ်ကားတွေက တရားမဝင်။ လေပတ်ကားတွေ၊ ရွှေလည်းမရှိဘူး၊ ငွေလည်း မရှိဘူး။ ဈေးနှုန်းဆွဲတင်နေတာ။ အဲဒါတွေကတော့ တို့အသင်းကလည်း အတည်ပြုလို့မဘူး ။ အစိုးရကလည်း အတည်မပြုဘူး။ အဲဒါတွေကို အဲဒါတွေက ဖမ်းဆီးအရေးယူမယ့် သဘောရှိတယ်” ဟု ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

 

နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံစဉ် လမ်းညွှန်လိုက်သည့် လမ်းညွှန်ချက်များနှင့် ပတ်သက်၍ ရန်ကုန်ရွှေအသင်း ရုံးခန်းတွင် ယနေ့ ဩဂုတ်လ (၂၉) ရက် နံနက်ပိုင်းက အစ ည်းဝေး တစ်ရပ်ကျင်းပပြီး အစည်းဝေးဆုံးဖြတ်ချက် (၃) ရပ် ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။

 

အဆိုပါ အချက် (၃) ချက်မှာ နေ့စဉ် ရည်ညွှန်ဈေးသတ်မှ တ်ရန်၊ ဈေးကွက်ပေါက်ဈေးဖြင့် အရောင်းအဝယ် စာရင်း တင်ပြရန်၊ ဘဏ်စနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရန်တို့ ဖြစ်ကြောင်း သိရသည်။

 

အကယ်၍ ဘဏ်စနစ် အသုံးပြရန် ပျက်ကွက်ခြင်း၊ အ ရောင်းအဝယ် စာရင်း တင်ပြရန် ပျက်ကွက်ခြင်းများနှင့် မှောင်ခိုရောင်းဝယ်ခြင်းများ လုပ်ဆောင်မည်ဆိုပါက သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြော သည်။

 

သို့သော် တရားဝင်လိုင်စင်နှင့် အသင်းဝင်ထားသည့် ရွှေဆိုင်များအနေဖြင့် ဈေးကွက်အတွင်း ဈေးတင်ရောင်းချနေသော်လည်း အရေးယူရန်မရှိကြောင်းလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

 

ဈေးကွက်အတွင်းရှိ ရွှေဆိုင်များအနေဖြင့် အသင်း၏ ရည်ညွှန်းဈေးနှုန်ထက် ဈေးမြှင့် ရောင်းချနေကြခြင်းမှာ ပြင်ပဒေါ်လာပေါက်ဈေးနှင့် တွက်ချက်၍ ရောင်းချနေခြင်းကြောင့် ယခုလို ဈေးနှုန်းမြင့်တက်‌နေခြင်းဖြစ်ပြီး ရွှေအသင်းအနေဖြင့် ဗဟိုဘဏ် သတ်မှတ်သည့် ၂၁၀၀ ကျပ် ဈေးဖြင့် တွက်ချက် ရောင်းချကြောင်း သိရသည်။

 

ယနေ့ ဩဂုတ် လ (၂၉) ရက် ညနေပိုင်း ရန်ကုန် ရွှေအ သင်း၏ အကယ်ဒမီ မီးလင်းရွှေ ရည်ညွှန်းဈေး အဖွင့်ဈေးနှုန်းမှာ ၂၀၂၇၀၀၀ ဖြစ်ပြီး ညနေပိုင်း အပိတ်ဈေး နှုန်းမှာ ၂၀၂၁၀၀၀ ဖြစ်သည်။

 

ကမ္ဘာ့ရွှေဈေးနှုန်းအနေဖြင့် အကယ်ဒမီရွှေ (၁) အောင်စလျင် အမေရိကန်ဒေါ်လာ (၁၇၂၁) ဒေါ်လာ ဖြစ်ကြောင်း ရန်ကုန်ရွှေအသင်းက ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရွှေလုပ်ငန်းရှငါအချို့ကို နေပြည်တော်သို့ ခေါ်ယူကာ ဖမ်းဆီးစစ်ဆေးမှုများ လုပ် ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ရွှေဈေးနှုန်း မြင့်တက်နေမှုများနှင့် ပတ်သက်၍ ခေါ်ယူမေးမြန်းခြင်းသာဖြစ်ပြီး ဖမ်းဆီးစစ်ဆေးခြင်းမဟုတ်ကြောင်း ရွှေအသင်းဥက္ကဋ္ဌက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here