မတ္တရာမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်ပေါ်လိုက် ပါလာသည့် အမျိုးသမီးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
347

မတ္တရာမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်ပေါ်လိုက် ပါလာသည့် အမျိုးသမီးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ကင်းကျေးရွာအ ဝင်တွင် ဘေးတွဲဆိုင်ကယ်ပေါ်၌လိုက်ပါလာသည့် မနှင်းစုလှိုင်(၂၅)နှစ်သည် သြဂုတ် ၂၉ ရက်နေ့လည်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲခန့်က ကင်းကျေးရွာအ ဝင်တွင် အမည်မသိအမျိုးသား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာကာ မတ္တရာမြို့သို့ မိခင်ဖြစ်သူနှင့်အတူ ဘေးတွဲဆိုင်ကယ်ဖြင့်သွားရောက်သည့် ရေကြည်ကျေးရွာအုပ်စု၊တောင်ခေါင်းကျေး ရွာနေ မနှင်းစုလှိုင်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မနှင်းစုလှိုင်မှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ဖြင့်အခင်း ဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာနှင့်အနီးပတ်ဝန်းကျင်တစ်လျှောက်အား ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here