ဝင်းနှင့်ဇော်အရေး သတင်းမှား ဖြန့်သူများ မိဘချင်း ကိုယ်ချင်းစာစိတ်ရှိကြရန် ကူညီဆောင်ရွက်ပေးနေသူ သတိပေး

0
366

ဝင်းနှင့်ဇော်အရေး သတင်းမှား ဖြန့်သူများ မိဘချင်း ကိုယ်ချင်းစာစိတ်ရှိကြရန် ကူညီဆောင်ရွက်ပေးနေသူ သတိပေး

လိပ်ကျွန်း လူသတ်မှုဖြင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ် ပြောင်းလဲ ချမှတ်ခံထားရသည့် ဝင်းနှင့်ဇော်အရေး သတ င်းမှား ဖြန့် ဝေနေသူများအနေဖြင့် မိဘချင်းကိုယ်ချင်းစာစိတ်ရှိကြရန် ကူညီဆောင်ရွက်ပေးနေသူက သတိပေး ပြောကြားလိုက်သည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ (၂)ဦးကို ထိုင်းဘုရင် က လွတ်ငြိမ်းချမ်းသာခွင့်ရရှိသည်ဆိုသည့် သတင်းမှားများ ဖြန့်ဝေနေသည့်အပေါ် ဝင်းနှင့်ဇော် အရေးလိုက်ပါဆောင်ရွက်ပေးနေသူ ဦးထူးချစ်က သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မောင်ဇော်လင်း၏ မိခင်သည်ကျန်းမာရေး မကောင်းပါ။သူမ၏ သားအတွက် အမြဲတမ်းစိတ်ပူနေသူဖြစ်ပါသည်။ မဟုတ်မမှန် သတင်းများ ပုံမှန်ထုတ်လွှင့်နေသူများအနေနှင့် မိဘချင်းကိုယ်ချင်းစာသင့်ပါသည်။ အဆိုပါ သတင်းအမှားများကို မထုတ်ပြန်သင့်ပါ” ဟု ဦးထူးချစ်က ပြော သည်။

ထိုင်းဘုရင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရခိုင်လူမျိုး ဝင်းနှင့် ဇော် ပြစ်ဒဏ်များမှ ကွင်းလုံးကျွတ် လွတ်မြောက်ပြီး  ‌လျှော်ကြေး သန်းချီရသည်ဟုဆိုကာ လူထုအား ထင် ယောင်ထင်မှားဖြစ်စေသည့် သတင်းအမှားများကို ယခုရက်ပိုင်း လူမှုကွန်ရက် စာမျက်နှာတွင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေပြီး အွန်လိုင်း အသိပညာနည်းပါးသူများက စိစစ်ခြင်းကင်းမဲ့စွာ ပြန်လည်ဖြန့်ဝေမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါ သတင်းအမှား ဖြန့်ဝေနေမှုနှင့် ပတ်သက်၍ သတင်းမှားသာဖြစ်ပြီး မယုံကြည်ကြရန် ဦးချစ်က ပြော သည်။

“လူမှုကွန်ယက်တွင် ပြန့်နှံ့နေသည့် လိပ်ကျွန်းလူသတ်မူ့ ကြောင့် တစ်သက်တစ်ကျွန်း ကျခံနေရသည့် “ဝင်းနှင့်ဇော်” သည် ထောင်မှလွတ်မြောက်ပြီး လျော်ကြေးများ ရရှိခဲ့သည်ဆိုသည် သတင်းသည်၊ မဟုတ်မှန် ပါ။ အကယ်၍လွတ်မြောက်မည်ဆိုပါက၊အစိုးရများအနေနှင့် စန စ်တကျ၊ သတင်းထုတ်ပြန်လိမ့်မည်ဟုမျှော်လင့်ရပါသ ည်” ဟု ဦးထူးချစ်က ပြောကြားသည်။

ဝင်း‌နှင့်ဇော်သည် ၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံ သား စုံတွဲ (၂) ဦး သတ်ဖြတ်ခံရမှုတွင် အဓိက သံသယရှိသူများအဖြစ် ဆွဲချက်တင်ခံရကာ အမှုများစွာဖြင့် တရား စွဲဆိုခံရပြီး ၂၀၁၅ ခုနှစ်တွင် အမြင့်ဆုံးပြစ်ဒဏ်သေဒဏ် အမိန့် ချမှတ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ကော့စမွီခရိုင် တရားရုံး၏ အမြင့်ဆုံးပြစ်ဒဏ်ကို ထိုင်းနိုင်ငံ၏ အမြင့်ဆုံး အယူခံတရားရုံအထိ အယူခံတင်သွင်းခဲ့ရာမှ ယခုနှစ်အတွင်း ၎င်းတို့ကို ချမှတ်ထားသ ည့် သေဒဏ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းလည်း သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဝင်းနှင့်ဇော်အား ထောင်ဝင်စာတွေ့နိုင်ရန် ရခိုင်အခြေစိုက် ဝံလက် ဖောင်ဒေးရှင်း၊ ထိုင်းရှေ့နေအပါအဝင် ၊ ထိုင်းနိုင်ငံတွင်ရှိနေသည့် လိုက်ပါကူညီဆောင်ရွက်ပေးနေသူများက ကြိုးစားဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

” မောင်ဝင်းဇော်ထွန်းနဲ့မောင်ဇော်လင်းတို့ကို ထောင်ဝင်စာတွေ့ဖို့ ရခိုင်ပြည်နယ် အခြေစိုက် ဝံလက်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းပြီးကြိုးစားပေးနေတာ ကြာပါပြီ။ ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် ထောင်ဝင်စာတွေ့ခွင့်တွေပိတ်ထားတာကြောင့်ရယ်နဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကြောင့် အွန်လိုင်း ကနေ တစ်ဆင့်တွေ့ဖို့တောင် ဝံလတ်ဖောင်ဒေးရှင်းအနေနှင့်  ကြိုးစားပေးခဲ့ပါသေးတယ်” ဟု ဦးထူး ချစ်က ပြောသည်။

ဩဂုတ်လ (၁၉) ရက်က ဝံလက်ဖောင်ဒေးရှင်းမှ ဦးခိုင်ကောင်စံနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) မှ တာဝန်ရှိသူများမှ ရခိုင်ပြည်နယ်၊ ကျောက် ဖြူခရိုင်၊   မဒဲကျွန်းအနီး ရှိ၊ မီးချောင်းရေသောက်ရွာနှင့် ကာဖီ ချောင်းရွာရှိ“ဝင်းနှင့်ဇော်”တို့၏မိခင်များ နေထိုင်ရာရွာများသို့သွားရောက်ပြီး မိခင်များအနေနှင့် ထိုင်းနိုင်ငံ သို့လာရောက်ပြီးထောင်ဝင်စာလာရောက်တွေ့နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း ရှင်းပြခဲ့ပြီး မိခင်များ၏ သဘောထားများကို သွားရောက် မေးမြန်းခဲ့ကြောင်း သိရသည်။

ဝင်းနှင့် ဇော် မိခင်များအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ကာ “ဝင်းနှင့်ဇော်” အားတွေ့ ဆုံရန် စိတ်ဆန္ဒပြင်းပြနေကြကြောင်းလည်း ဦးထူးချစ်က ပြောသည်။

ထိုင်းနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို အကျဉ်းသားအ ဆင့်သတ်မှတ်ချက် အလိုက်လျော့ပေးလေ့ရှိရာ အကောင်းအဆင့်ဆိုလျှင် အကျဉ်းသားလေးဦးလျှင် တစ်ဦးနှုန်း၊ အလွန်ကောင်းမွန်သည့်အဆင့်တွင် အကျဉ်းသားငါးဦးလျှင် တစ်ဦးနှုန်းနှင့် အကောင်းဆုံးအဆင့်တွင် ခြောက်ဦးလျှင် တစ်ဦးနှုန်းရွေးချယ်လေ့ ရှိကြောင်း၊ ထိုင်းနိုင်ငံတွင်းရှိ  အကျဉ်းထောင်များ၏ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာနေထိုင်သည့် အပေါ်တွင်မူတည်ပြီးအကျဉ်းသားများအား လွတ်ငြိမ်းချမ်း သာခွင့်အခွင့်အရေးများကို သတ်မှတ်ပေးကြောင်း သိရသည်။

Photo The Gurdian


LEAVE A REPLY

Please enter your comment!
Please enter your name here