ဒရုန်းနှောင့်ယှက်မှုနှင့် ပတ်သက်၍ ထိုင်ဝမ်၏ မကျေနပ်ကြောင်းပြောကြားချက်များကို တရုတ်ပယ်ချ

0
185

ဒရုန်းနှောင့်ယှက်မှုနှင့် ပတ်သက်၍ ထိုင်ဝမ်၏ မကျေနပ်ကြောင်းပြောကြားချက်များကို တရုတ်ပယ်ချ

ပေကျင်း/တိုင်ပေ၊ ဩဂုတ် ၂၉

ထိုင်ဝမ်ပိုင် ကျွန်းများအနီး တရုတ်ဒရုန်းများ ကထပ်ခါတလဲလဲ ပျံသန်းနှောင့်ယှက်နေမှုများနှင့် ပတ်သက်၍ ထိုင်ဝမ်ကမကျေနပ်ကြောင်း‌ေပြာကြားသည်များကို တရုတ်က ဩဂုတ်လ ၂၉ ရက် တနင်္လာနေ့တွင် လက်မခံဘဲပယ်ချလိုက်သည်။

နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီး၌ တရုတ်စစ်တပ်ကထိုင်ဝမ်ကျွန်းတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုများ ကိုစတင်ခဲ့ပြီးနောက်ပိုင်း တိုင်ပေရှိ အာဏာပိုင်များက တရုတ်ကမ်းရိုးတန်းနှင့် နီးကပ်နေသော ၎င်း၏ ကျွန်းငယ်များတွင် တရုတ်ပိုင်ဒရုန်းများ အကြိမ်ကြိမ် ဝင်ရောက်ပျံသန်းနေကြောင်း ပြောကြားခဲ့သည်။

အဆိုပါကျွန်းများသို့ သွားရောက်ပျံသန်းခဲ့သော ဒရုန်းများကရိုက်ကူးထားသော ဗီဒီယိုများသည် တရုတ်လူမှုကွန်ရက်များတွင် ပျံနှံ့လျက်ရှိသည်။ ထိုင်ဝမ်စစ်သားများသည် အဆိုပါဒရုန်းများ ၎င်း၏ကျွန်းများသို့ လာရောက်နေခြင်းမှ ကာကွယ်ရန်အတွက် ကျောက်ခဲများနှင့် ပစ်ပေါက်နေသည်ကိုလည်း ဗီဒီိယိုပြကွက်တစ်ခုတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန့်က အဆိုပါ ဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ရကြောင်း နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီတရုတ်ဒရုန်းတွေဟာ တရုတ်ပိုင်နယ်မြေအထဲမှာပဲ ပျံ့သန်းနေကြတာပါ၊ ဒီကိစ္စကို အရေးတယူလုပ်ပြီး ဆွေးနွေးပြောဆိုနေစရာ မလိုပါဘူး”ဟု ၎င်းကဆိုသည်။

ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ မှတ်ချက်အပေါ် အမျက်ထွက်ကြောင်း ပြသခဲ့သည်။

“ဖိတ်ခေါ်မထားဘဲ ဝင်ချင်တိုင်း ဝင်လာတဲ့လူတွေကို သူခိုးလို့ ခေါ်တဲ့ ရှေးတရုတ်လူကြီးတွေရဲ့အဆိုတစ်ခုရှိပါတယ်၊ တံခါးမကနေ ဖောက်ထွင်းဝင်တာပဲ ဖြစ်ဖြစ်၊ လေထဲကနေ ချောင်းကြည့်တာဖြစ်ဖြစ်၊ ထိုင်ဝမ်ပြည်သူတွေဟာ အဲဒီလို သူခိုးတွေကိုတော့ ကြိုဆိုမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက လိုင်းရွန်းကျွန်းငယ်များအနီးတွင် တနင်္လာနေ့က တရုတ်ဒရုန်းများ ထပ်မံဝင်ရောက်လာကြောင်း မကျေမနပ်ပြောကြားခဲ့သည်။

ထိုင်ဝမ်စစ်သားများက ယင်းဒရုန်းများကို သတိပေးရန် မီးရှူးမီးပန်းများ ပစ်ခတ်ခဲ့ဖြင့် တစ်မိနစ်အကြာတွင် တရုတ်နိုင်ငံ ရှာမန်မြို့ဆီသို့ ဦးတည်ပျံသန်းသွားသည်ဟု ၎င်းကဆိုသည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here