အိုင်အမ်အက်ဖ်က ပါကစ္စတန်အား ကယ်ဆယ်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ထုတ်ပေးမည်

0
237

အိုင်အမ်အက်ဖ်က ပါကစ္စတန်အား ကယ်ဆယ်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ထုတ်ပေးမည်

အစ္စလာမာဘတ်၊ ဩဂုတ် ၃၀

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုက်အမ်အက်ဖ်)၏ ဘုတ်အဖွဲ့သည် ပါကစ္စတန်က တင်ပြ‌ေတာင်းခံသော ငွေကြေးထောက်ပံ့မှု အစီအစဉ်၏ သတ္တမနှင့် အဌမအကြိမ်မြောက် အစီရင်ခံစာကို အတည်ပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး မိဖ်တာ အစ္စမေးလ်က ပြောကြားခဲ့သည်။

ထို့အပြင်မိုက်အမ်အက်ဖ် သည် အထက်ပါအစီအစဉ်ကို တစ်နှစ်အထိ သက်တမ်းတိုးပေးရန်နှင့် ရန်ပုံငွေများကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်ပေးရန် သဘောတူညီခဲ့သည်ဟု ၎င်းကဆိုသည်။

အဆိုပါ ရန်ပုံငွေများသည် ယခုလက်ရှိ ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရ၍ တိုင်းပြည်၏ စီးပွားရေးတွင်လည်း ကြီးမားသော ဘဏ်စာရင်းရှင်အပ်ငွေ လိုအပ်မှုနှင့် ငွေကြေးဖောင်းပွမှု မြင့်မားခြင်း၏ဒဏ်ကိုပါ ခံစားနေရသည့် ပါကစ္စတန်နိုင်ငံအတွက် အသက်သွေးကြောတစ်ခု ဖြစ်လာမည်ဖြစ်သည်။

“အိုက်အမ်အက်ဖ် ဘုတ်အဖွဲ့က ကျွန်တော်တို့ရဲ့ တိုးချဲ့ရန်ပုံငွေ ပံ့ပိုးကူညီမှု(EFF) အစီအစဉ်ကို ပြန်အသက်သွင်းဖို့ အတည်ပြုပေးလိုက်ပါတယ်။  အခုအချိန်လောက်ဆိုရင် ကျွန်တော်တို့ဟာ အမေရိကန်ဒေါ်လာ ၁ဒသမ၁၇ ဘီလီယံရဲ့ ခုနှစ်ကြိမ်နဲ့ ရှစ်ကြိမ်မြောက် ဝေစုကို ရရှိသင့်နေပြီ” ဟု အစ္စမေးလ်က တွစ်တာတွင် ပြောကြားခဲ့သည်။

အစ္စလာမာဘတ်ရှိ အိုက်အမ်အက်ဖ်ဌာနကိုယ်စားလှယ်များသည် အဆိုပါကိစ္စနှင့် ပတ်သက်၍ လတ်တလော မှတ်ချက်ပေးခြင်း မရှိသေးပေ။

၂၀၁၉ ခုနှစ်တွင် တင်သွင်းခဲ့သည့် ပါကစ္စတန်၏ အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိ ၃၆ လကြာ တိုးချဲ့ကယ်ဆယ်‌ေရးရန်ပုံငွေ အစီအစဉ်သည် ချေးငွေပေးသူ၏ သတ်မှတ်ချက်များကို လိုက်နာရန်ရုန်းကန်နေရသည့်အတွက် ယခုနှစ်အစောပိုင်းကတည်းက ရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်သည်။

Source: စီအင်န်အေ

 


LEAVE A REPLY

Please enter your comment!
Please enter your name here