ဗီယက်နမ်နှင့်အိန္ဒိယတို့မှ ဆန်ကိုဘင်္ဂလားဒေ့ရှ်တင်သွင်းမည်

0
185

ဗီယက်နမ်နှင့်အိန္ဒိယတို့မှ ဆန်ကိုဘင်္ဂလားဒေ့ရှ်တင်သွင်းမည်

ဒါကာ၊ဩဂုတ် ၂၉

အရန်ဆန်များပြန်လည်ဖြည့်တင်းရန်နှင့် ပြည်တွင်းဈေးနှုန်းများ တည်ငြိမ်စေရန်ကြိုးပမ်းနေသည့် ဘင်္ဂလားဒေ့ရှ်သည် ဗီယက်နမ်နှင့်အိန္ဒိယတို့ ထံမှ စုစုပေါင်းဆန်တန်ချိန် ၃၃၀,၀၀၀ ကိုတင်သွင်းရန် သဘောတူညီချက်ကို အပြီးသတ်နေပြီဖြစ်ကြောင်း အဆိုပါကိစ္စနှင့်ပတ်သက်သည့် အရာရှိနှစ်ဦးကတနင်္လာနေ့ကပြောကြားခဲ့သည်။

နိုင်ငံ့လူဦးရေ ၁၆၅ သန်းအတွက် အ‌ခြေခံစားကုန်ဖြစ်သောစပါးဈေးတက်လာခြင်းကလည်း စရိတ်စကကြီးမြှင့်မှုဒဏ်ကိုခံနေရသော ပြည်သူများအားကူညီရန်အတွက် အစိုးရကဖြတ်ဈေးဖြင့်ဈေးနှုန်းလျော့ချပေးမည် အစီအစဉ်လည်း ပျက်ပြယ်သွားခဲ့သည်။

တောင်အာရှနိုင်ငံသည် အိန္ဒိယပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ပြုတ်ဆန်တန်ချိန်ပေါင်း တစ်သိန်းနှင့်ဗီယက်နမ်မှ ပြုတ်ဆန်တန်ချိန် နှစ်သိန်းအပါအဝင် ဆန်ချောတန်ချိန်သုံးသောင်းတို့ကို ဝယ်ယူမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများကပြောသည်။

ဗီယက်နမ်နိုင်ငံမှပြုတ်ဆန်ဈေးမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၅၂၁ ဒေါ်လာဖြစ်ပြီး ဆန်ချောတစ်တန်လျှင် ကန်ဒေါ်လာ ၄၉၄ ဒေါ်လာဖြစ်ကြောင်း အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။အိမ်နီးချင်းအိန္ဒိယနိုင်ငံကမူ ရေကြောင်းဖြင့်ပို့ပါက တစ်တန်လျှင်ကန်ဒေါ်လာ ၄၄၃ ဒသမ ၅၀ ဒေါ်လာကျမည်ဖြစ်ပြီး ရထားဖြင့်ပို့ဆောင်ပါကတစ်တန်လျှင် ကန်ဒေါ်လာ ၄၂၈ ဒသမ ၅၀ ဒေါ်လာကျသင့်မည်ဖြစ်ကြောင်းဖော်ပြထားသည်။အဆိုပါဈေးနှုန်းများတွင် သယ်ယူခ၊အာမခံနှင့် ပို့ဆောင်စရိတ်များပါဝင်ပြီးသားဖြစ်သည်ဟုသိရှိရသည်။

အဆိုပါသဘောတူညီချက်ကိုမကြာခင်လက်မှတ်ရေးထိုးနိုင်ရန်ပြင်ဆင်နေပြီး လက်မှတ်ထိုးပြီးနှစ်လ၊သုံးလအတွင်းပို့ဆောင်သွားမည်ဖြစ်ကြောင်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ရိုဟင်ဂျာဒုက္ခသည်အရေးအပေါ် သဘောထားကွဲလွဲမှုများကို ဘေးဖယ်ထားပြီး မြန်မာမှဘင်္ဂလားဒေ့ရှ်သို့ဆန်တင်သွင်းရန်လည်း မြန်မာဘက်မှတာဝန်ရှိသူများနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ဆွေးနွေးနေကြောင်းလည်း အဆိုပါအရာရှိများကပြောကြားခဲ့သည်။

ယခုတစ်ပတ်အတွင်းဘင်္ဂလားဒေ့ရှ်သည် ပုဂ္ဂလိကသွင်းကုန်မြှင့်တင်သည့်အနေဖြင့် ဆန်တင်သွင်းမှုအတွက်အခွန်ကို ၂၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့လျှော့ချခဲ့ပြီး ယခုလိုလျှော့ချပေးခြင်းသည် ဇူလိုင်လမှယနေ့အထိ ဒုတိယအကြိမ်မြောက်ဖြစ်သည်ဟုလည်းဖော်ပြထားသည်။

အစိုးရသည် ဆင်းရဲနွမ်းပါးသောမိသားစု ၅ သန်းအတွက်သက်သာသော နှုန်းထားဖြင့်ဆန်ကိုစတင်ရောင်းချပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလအထိရောင်းချပေးသွားမည်ဖြစ်သည်ဟုဖော်ပြထားသည်။

အစဉ်အလာအားဖြင့် ကမ္ဘာ့တတိယအကြီးဆုံး ဆန်ထုတ်လုပ်သည့် ဘင်္ဂလားဒေ့ရှ်သည် နှစ်စဉ်တန်ချိန် ၃၅ သန်းခန့်ရှိပြီး ထွက်သမျှအားလုံးကို နိုင်ငံရှိပြည်သူများအတွက်အသုံးပြုသည်။သို့သော် ရေကြီးခြင်းနှင့်မိုးခေါင်ခြင်းတို့ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လေ့ရှိသည့် ပြတ်လပ်မှုများကိုအစားထိုးနိုင်ရန်အတွက် တင်သွင်းမှုလိုအပ်နေဆဲဖြစ်သည်။

Source -ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here