အင်ဒီယားနားရှိ Tyson ဝက်သားစက်ရုံမှတရုတ်သို့အသားတင်ပို့မှုရပ်ဆိုင်း

0
226

အင်ဒီယားနားရှိ Tyson ဝက်သားစက်ရုံမှတရုတ်သို့အသားတင်ပို့မှုရပ်ဆိုင်း

ရှီကာဂို၊ဩဂုတ် ၃၀

အင်ဒီယားနားပြည်နယ် လိုဂန်စပို့ထ်ရှိ Tyson Food အင်ကော်ပိုရေတက် ၏ ဝက်သားစက်ရုံသည် တရုတ်နိုင်ငံသို့၎င်း၏ထုတ်ကုန်များ တင်ပို့ခြင်းကိုရပ်ဆိုင်းထားကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနက တနင်္လာနေ့ကပြောကြားခဲ့ပြီးအဆိုပါဆိုင်းငံ့မှုသည် ဩဂုတ် ၂၉ ရက်မှစတင်၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း အေဂျင်စီကပြောကြားခဲ့သည်။

ယခုဆိုင်းငံ့မှုအား မည်သည့်အတွက်ကြောင့်လုပ်ဆောင်သည်ကိုမူ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) နှင့် သက်ဆိုင်ရာ ကုမ္ပဏီတို့ကပြောကြားခြင်းမရှိခဲ့ပေ။

Tysonက ရိုက်တာသတင်းဌာနသို့ပြောကြားသည့် ကြေငြာချက်တစ်ခုတွင် ၎င်းတို့အနေဖြင့်ထုတ်ကုန်များအားလုံးကို အစိုးရ၏စားသောက်ကုန်ဘေးကင်းရေးလိုအပ်ချက်များနှင့်အညီထုတ်လုပ်နိုင်ရန် အမေရိကန်စိုက်ပျိုးရေးဌာန၏ အစားအစာဘေးကင်းရေးနှင့်စစ်ဆေးရေးဝန်ဆောင်မှုများနှင့်အညီလုပ်ဆောင်လျက်ရှိကြောင်းနှင့် ထုတ်ကုန်များသည်ဘေးကင်းကြောင်းအပြည့်အဝယုံကြည်သည်ဟုဆိုကာ ယခုကိစ္စကိုအမေရိကန်နှင့်တရုတ်အစိုးရတို့ကြား ညိှနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် ပြေလည်အောင်ဖြေရှင်းနိုင်ရန်မျှော်လင့်ပါသည်ဟုသာပါရှိသည်။

တရုတ်နိုင်ငံသည် ကိုဗစ်ပျံ့ပွားမည်ကိုစိုးရိမ်သဖြင့် နိုင်ငံအများအပြားရှိအသားစက်ရုံများမှ အသားတင်သွင်းမှုကို ယခင်ကတားမြစ်ခဲ့ဖူးသည်။သို့သော် ကမ္ဘာ့ကျန်းမာရေးအေဂျင်စီအများစုကမူ ကိုဗစ်သည်မျက်နှာပြင်များပေါ်တွင် ပျံ့နှံ့နိုင်ခြေနည်းသည်ဟု ဆိုကြသည်။

၂၀၂၀ ပြည့်နှစ်က Tyson စက်ရုံတွင် ဝန်ထမ်းပေါင်း ၂၂၀,၀ ကျော်ရှိပြီး နေ့စဉ်ဝက်သားပေါင်ချိန်သုံးသန်း ထုတ်လုပ်ခဲ့ကြောင်း စက်ရုံကပြောကြားခဲ့သည်။

Source -ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here