မဲခေါင် – လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အဆောက်အဦး နေပြည်တော်တွင် ဖွင့်လှစ်

0
308

မဲခေါင် – လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အဆောက်အဦး နေပြည်တော်တွင် ဖွင့်လှစ်

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေ (၂၀၁၈)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအတွက် အသုံးပြုရန် မဲခေါင် – လန်ချန်း စီမံကိန်း သတင်းအချက်အလက် ဗဟိုဌာန အဆောက်အ ဦကို နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦဖွင့်ပွဲ အခမ်းအနားကို ယနေ့ဩ ဂုတ်လ (၃၀) ရက် နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခ ရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြော င်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိ ယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူး ကြီးမင်းနောင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ Dr. Zheng Zhihong နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက် ဗဟိုဌာနအနေဖြင့် မဲခေါင် – လန်ချန်းဒေသတွင်း နိုင်ငံများအကြား သတင်းအ ချက်အလက်ဖလှယ်မှု စင်္ကြန်မှတဆင့် စိုက်ပျိုးရေး၊ မွေး မြူရေး၊ ရေလုပ်ငန်းနှင့် လယ်ယာကဏ္ဍ ကျေးလက်က ဏ္ဍဆိုင်ရာ စီမံကိန်းအချက်အလက်များ၊ ညွှန်းကိန်းများကို အပြန်အလှန်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်သွယ်ဆောင်ရွက်မှုမူဘောင်များရေးဆွဲရေး စသည့် လုပ်ငန်းများကို ဖော်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံအတွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် စားနပ် ရိက္ခာထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များစုစည်းခြင်း၊ စာရင်းပြုစုခြင်း၊ စိစစ်ခြင်း စသည့် အလေ့အကျင့်နှင့် အတွေ့အကြုံများကို မြှင့်တင်နိုင်မည်ဖြစ်ကာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင် ရွ က်မှုများလည်း အားကောင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး ယာယီတာဝန်ခံက နှုတ်ခွန်းဆက်စ ကားပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း(၂၀၁၈)ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌက စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၁၈)ဖြင့် ဆောင်ရွက်သ ည့် စားနပ်ရိက္ခာ လုံခြုံရေးနှင့် သတင်းအချက်အလက်များ လေ့လာသုံးသပ်ခြင်းနှင့် ညွှန်ကိန်းများအတွက် ပံ့ပိုး ပေးနိုင်ရန် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာ စာရ င်းအင်းအချက်အလက်စင်္ကြန်တစ်ခု တည်ထောင်ခြင်း စီ မံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြော င်း သိရသည်။

မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာ၊ တရုတ်၊ ကမ္ဘော ဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အကြား မဲခေါင် – လန်ချန်း စီမံကိန်း အထူးရန်ပုံငွေဖြင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံကိန်း (၃၁) ခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ဖွင့်လှစ်သည့် မဲခေါင်-လန်ချန်းစီမံကိန်း သတင်းအချက်အလက်ဗဟိုဌာနလုပ်ငန်းသည်လည်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here