တောင်ကိုရီးယားသို့ လာရောက်မည့် ခရီးသွားများ ကိုဗစ်-၁၉ ကို ကြိုတင်စစ်ရန်မလိုတော့

0
272

တောင်ကိုရီးယားသို့ လာရောက်မည့် ခရီးသွားများ ကိုဗစ်-၁၉ ကို ကြိုတင်စစ်ရန်မလိုတော့

တောင်ကိုရီးယားသည် ခရီးသွားများ ၎င်းနိုင်ငံသို့ မလာရောက်မီ ပြုလုပ်ထားရမည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကြိုတင်စစ်ဆေးမှုများကို စက်တင်ဘာလ ၃ ရက် စနေနေ့မှစတင်ကာ ဖျက်သိမ်းမည်ဖြစ်ကြောင်း ယွန်းဟပ်သတင်းဌာနက ဗုဒ္ဓဟူးနေ့(ယနေ့)တွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယားသည် နိုင်ငံ၏ ခက်ခဲနေသော ခရီးသွားလုပ်ငန်းကို မြှင့်တင်သွားရန်အတွက် ၎င်း၏ ကပ်ရောဂါနှင့် ဆက်နွှယ်နေသော နောက်ဆုံးပိတ် နယ်စပ်ထိန်းချုပ်မှုများကို ဖယ်ရှားသွားမည် ဖြစ်သည်။

နိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးသွားများသည် စနေနေ့မှစတင်ကာ ကိုဗစ် စမ်းသပ်မှုရလဒ်ကို ပြသရန် မလိုအပ်တော့ကြောင်း ယွန်းဟပ်သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

ပြည်တွင်းသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် မဖြစ်မနေ ပြုလုပ်ရမည့် ပီစီအာ စမ်းသပ်မှုဟူသည့် သက်ရှိသတ္တဝါများထံမှ ဗိုင်းရပ်စ်ကဲ့သို့သော မျိုးရိုးဗီဇများကို စစ်ဆေးရသည့် စမ်းသပ်မှုများကို အဆုံးသတ်ရန် အစိုးရအကြံပေးကော်မတီ အကြံပြုပြီးနောက် အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးသည် ဧပြီလတွင် ကာကွယ်ဆေးထိုးထားသော ခရီးသွားများအတွက် ကွာရန်တင်းဝင်ရမည့် စည်းကမ်းချက်များကို ရုတ်သိမ်းလိုက်ပြီး ဇူလိုင်လတွင်မူ ကာကွယ်ဆေးထိုးထားသည် ဖြစ်‌စေ၊ မထိုးထားသည်ဖြစ်စေ ကွာရန်တင်းဝင်စရာ မလိုတော့သည်အထိ ၎င်း၏စည်းကမ်းချက်များကို လျှော့ချခဲ့သည်။

သို့ရာတွင် တောင်ကိုရီးယား၏ အဓိကလေဆိပ်ဖြစ်သည့် အင်ချွန်းလေဆိပ်၌ ဇူလိုင်လတွင် ဝင်ရောက်လာသော ခရီးသွားများသည် ကပ်ရောဂါမဖြစ်ပွားမီ အချိန်နှင့်ယှဉ်လျှင် လေးပုံတစ်ပုံပင် မပြည်ခဲ့ချေ။

တောင်ကိုရီးယားတွင် ကာကွယ်‌ဆေးထိုးနှုန်း မြင့်မားပြီး နှာခေါင်းစည်းကိုအများစုကတပ်ဆင်နေသော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးခံစက်မှု အများဆုံးနိုင်ငံများမှ တစ်နိုင်ငံအဖြစ် ဖော်ပြခြင်းခံထားရသည်။

အိုမီခရွန်မျိုးကွဲများ လျင်မြန်စွာပျံ့နှံ့နေမှုကြောင့် သြဂုတ်လလယ်တွင် ကူးစက်ခံရသူ တစ်သိန်း ရှစ်သောင်းကျော် လာပြီးနောက် နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု တစ်သောင်း ဝန်းကျင်ရှိလာသည်။

Source: အယ်လ်ဂျာဇီးယာ


LEAVE A REPLY

Please enter your comment!
Please enter your name here