တရုတ် – မြန်မာ နယ်စပ်ဂိတ်များမှ တစ်သျှူး ငှက်ပျောအပါအဝင် စိုက်ပျိုးရေးကဏ္ဍ ထွက်ကုန်စည်တင်ပို့ခြင်းများ ပြန်လည်စတင်တော့မည်

0
358

တရုတ် – မြန်မာ နယ်စပ်ဂိတ်များမှ တစ်သျှူး ငှက်ပျောအပါအဝင် စိုက်ပျိုးရေးကဏ္ဍ ထွက်ကုန်စည်တင်ပို့ခြင်းများ ပြန်လည်စတင် တော့မည်

တရုတ် – မြန်မာ နယ်စပ်ဂိတ်များမှတဆင့် ကုန်စည် တင်ပို့ခြင်းလုပ်ငန်းများ ပြန်လည်စတင်တော့မည်ဖြစ်ပြီး ကုန် သည်များနစ်နာမှုမရှိစေရေးနှင့် နိုင်ငံတော်အတွက်အခွန် အပြည့်အဝ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

ဩဂုတ်လ (၃၁) ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ် သည်။

” ကုန်စည် တင်ပို့မယ့် မော်တော်ယာဉ်တွေကို စနစ်တကျ စိစစ်ဆောင်ရွက်သွားရေး၊ ဒေသခံလုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရေး ၊ ကြိုတင်ပြင်ဆင်ညှိနှိုင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် ဝိုင်းဝန်း ဖြေရှင်းဆောင်ရွက်ကြရေး၊ နိုင်ငံတော်အခွန်ငွေ အပြည့်အဝရရှိရေးတို့အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု က ချင်ပြည်နယ် ဝန်ကြီးချုပ် ဦး ခက်ထိန်နန်က ပြောသည်။

မကြာမီ ကာလအတွင်း တရုတ် – မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် လွယ်ဂျယ်နှင့် ကန်ပိုက်တီ နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောနှင့် အခြား သီးနှံကုန်စည်များ တင်ပို့နိုင်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်နယ် စီးပွားရေးရာဝန် ကြီး ဦးမျိုးဆွေက နှစ်နိုင်ငံ ကုန်စည်တင်ပို့မှုဆိုင်ရာ ညှိ နှိုင်းဆောင်ရွက်မှုများ၊ ယခုနှစ်အတွက် ကုန်စည်ပို့ဆောင်ရန် တင်ပြလာသည့် မော်တော်ယာဉ်အရေအတွက်ပေါ် ခွင့်ပြုနိုင်ပေးနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေး နွေးတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း၊ ပြည်နယ်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်း၊ ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ပြန်လည်တင်ပြဆွေး နွေးခဲ့ကြောင်း သိရသည်။

Photo : Ministry of Commerce


LEAVE A REPLY

Please enter your comment!
Please enter your name here