ကော့ကရိတ်မြို့နယ်အပါအဝင် မြို့နယ် ၆ ခုအား ည ၆ နာရီမှနံနက် ၄ နာရီခွဲအထိ လမ်းပေါ်မထွက်ရဟု အသိပေးထုတ်ပြန်

0
330

ကော့ကရိတ်မြို့နယ်အပါအဝင် မြို့နယ် ၆ ခုအား ည ၆ နာရီမှနံနက် ၄ နာရီခွဲအထိ လမ်းပေါ်မထွက်ရဟု အသိပေးထုတ်ပြန်

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ် အပါအဝင် မြို့နယ် ၅ ခုနှင့်မွန်ပြည်နယ်ရှိ မြို့နယ် ၁ ခုတို့အား လုံခြုံရေးအခြေအနေအရ သြဂုတ် ၃၀ ရက်မှစတင်၍ တားမြစ်နယ်မြေများအ ဖြစ်သတ်မှတ်ခဲ့ပြီးနောက် ည ၆ နာရီမှနံနက် ၄ နာ ရီခွဲအထိ လမ်းမများပေါ်သို့မထွက်ရဟု အသိ ပေးထုတ်ပြန်ခဲ့သည်။

ကော့ကရိတ်၊မြဝတီ၊ကြာအင်းဆိပ်ကြီး၊ဘားအံ၊လှိုင်းဘွဲ့နှင့်ကျိုက်မရောမြို့နယ်တို့အား တားမြစ်နယ်မြေအဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်အားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပုဒ်မ ၁၄၄ ၏သက်တမ်းသည် သြဂုတ် ၃၀ ရက်မှအောက်တိုဘာ ၃၀ ရက်အထိ အတည်ဖြစ်ကာ လိုက်နာခြင်းမရှိသူများအား ဥပဒေအရထိရောက်စွာအရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

“ဟုတ်တယ်ဗျ ညတုန်းကကားနဲ့ညမထွက်ရအမိန့်ကိုလိုက်အော်နေတာကြားတယ် မနက်ပိုင်းက ကိစ္စမရှိဘူးဗျာ ညဘက်ပဲစဥ်းစားရတာပေါ့ အဲဒီအချိန်က အလုပ်ကနေအိမ်ပြန်လာနေရတုန်းပဲရှိသေးတာဆိုတော့ အခက်အခဲတွေကတော့ရှိတာပေါ့ဗျာ”ဟု ကော့ကရိတ်မြို့နေသူတစ်ဦးကပြော သည်။

တားမြစ်နယ်မြေများအဖြစ်သတ်မှတ်ထားသည့် မြို့နယ် ၆ ခုအတွင်း၌ စုဝေးခြင်း၊ဟောပြောခြင်းနှင့်စီတန်းလမ်းလျှောက်ခြင်းများအပြင် အများပြည်သူများ၏ လုံခြုံရေးအားထိခိုက်စေမည့် အ ပြုအမူများ မလုပ်ဆောင်ရန်တားမြစ်ခဲ့သည်။

လက်နက်ကိုင်အဖွဲ့ဝင်များက ကော့ကရိတ်မြို့ နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့ဝင်များအား သြဂုတ် ၁၅ ရက်က သေနတ်များ၊လက်နက်ကြီးများဖြင့် လာရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here