အီလွန်မတ်စ်ကတွစ်တာကိစ္စရုံးချိန်းကို နိုဝင်ဘာအထိရွှေ့ဆိုင်းပေးရန်တောင်းဆို

0
205

အီလွန်မတ်စ်ကတွစ်တာကိစ္စရုံးချိန်းကို နိုဝင်ဘာအထိရွှေ့ဆိုင်းပေးရန်တောင်းဆို

အီလွန်မတ်စ်သည် တွစ်တာ၏ရုံးချိန်းကို နိုဝင်ဘာလအထိတစ်လခန့်ရွှေ့ဆိုင်းရန် ကြိုးပမ်းခဲ့ကြောင်း တရားရုံး၏ပြောကြားချက်အရသိရှိရသည်။မတ်စ်သည် အင်္ဂါနေ့ကတွစ်တာ၏ လုံခြုံရေးအကြီးအကဲဟောင်းထံမှ သတင်းပေးထုတ်ဖော်ပြောဆိုမှုများအပြီးတွင် ၎င်း၏တိုင်ကြားချက်ကိုပြင်ဆင်ရန်အဆိုကိုတင်သွင်းခဲ့သည်။

ဇူလိုင်လက Telsa လုပ်ငန်းစု စီအီးအိုသည် ဆိုရှယ်မီဒီယာပလက်ဖောင်းအနေဖြင့် ၎င်းတို့ပလက်ဖောင်းပေါ်ရှိ အကောင့်အတုအရေအတွက်နှင့်ပတ်သက်၍ လိမ်လည်ခဲ့သည်ဟုဆိုကာ သဘောတူညီချက်ရပ်စဲရေးစာကို တွစ်တာသို့ပေးပို့ခဲ့သည်။

သို့သော်ယခုအချိန်တွင် ပြဿနာသည်အကောင့်အတုကိစ္စသာမက ဒေတာလုံခြုံရေးအပါအဝင် မိမိအားသတင်းပေးသူကပြောပြထားသည့် အခြားကိစ္စရပ်များပါပါဝင်လာပြီဖြစ်ကြောင်းပြောကြားကာ ၎င်းအနေဖြင့် တွစ်တာနှင့်ဆက်လက်တိုက်ပွဲဝင်ရန် ပြုလုပ်နေသည်ဟုပြောကြားခဲ့သည်။

Mudge ဟုလူသိများသော ကျော်ကြားသည့်ဟက်ကာတစ်ဦးဖြစ်သူ Peiter Zatko သည် ပြီးခဲ့သည့်အပတ်က တွစ်တာသည် spam များကိုလျှော့ချရန်ထက် အသုံးပြုသူတိုးတက်မှုကိုသာ ဦးစားပေးခဲ့သည်ဟုဆိုခဲ့သည်။

မက်စ်နှင့်တွစ်တာတို့သည် ဒယ်လဝဲလ် ပြည်နယ်တရားရုံးတွင် အပြန်အလှန်တရားစွဲဆိုခဲ့ကြပြီး ငါးရက်ကြာရုံးချိန်းကို အောက်တိုဘာ ၁၇ ရက်တွင်စတင်ရန်စီစဉ်ထားသည်။တွစ်တာအနေဖြင့် မတ်စ်အားရှယ်ယာတစ်ခုလျှင် ကန်ဒေါ်လာ ၅၄ ဒသမ ၂၀ ဖြင့် စာချုပ်ဖျက်သိမ်းရန် တရားရုံးကအမိန့်ချပေးစေလိုသော်လည်း မတ်စ်ကမူတွစ်တာသည် စာချုပ်ပါသဘောတူညီချက်ကိုချိုးဖောက်ခဲ့သည်ဟုဆိုကာ စာချုပ်ဖျက်သိမ်းပါကပေးဆောင်ရမည့် ကန်ဒေါ်လာ တစ်ဘီလီယံကိုပါ မပေးဘဲထွက်ခွာရန်ကြိုးစားနေသည်။

မတ်စ်သည်အင်္ဂါနေ့ကတရားသူကြီးအား ၎င်းတို့၏အမှုများကို နိုဝင်ဘာဆယ်ရက်နေ့အထိ ဆက်လက်စစ်ဆေးရှင်းလင်းတင်ပြရန်တောင်းဆိုခဲ့သည်။ထို့နောက်တွင်မူ ၎င်းတို့သည်ရုံးချိန်းတွင်မည်သို့သက်သေပြနိုင်သည်ကို ဆွေးနွေးခဲ့ကြသည်။ထို့နောက် မတ်စ်ကရုံးချိန်းအား နိုဝင်ဘာလနှောင်းပိုင်းသို့ရွှေ့နိုင်ခြင်းရှိမရှိသည်  တရားရုံး၏ဆုံးဖြတ်ချက်အပေါ်မူတည်သည်ဟုဆိုခဲ့သည်။

မတ်စ်သည် ဇူလိုင်လတွင် တွစ်တာကိုတရားစွဲခဲ့ပြီး တွစ်တာကုမ္ပဏီသည် ပလပ်ဖောင်းပေါ်တွင် spam ပမာဏနှင့်ပတ်သက်၍ လိမ်လည်ခဲ့သည်ဟုစွပ်စွဲခဲ့သည်။ထို့ပြင် သဘောတူညီချက်စာချုပ်ကိုချိုးဖောက်ပြီး တက်စ်ဆပ် အာမခံစာချုပ်များအက်ဥပဒေ ကိုလည်းချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။သို့သော် ဥပဒေကျွမ်းကျင်သူများကမူ မတ်စ်အနေဖြင့် ယခုမှပြင်ဆင်လျှောက်ထားခြင်းသည် နောက်ကျနေပြီဖြစ်သည်ဟုဆိုကြသည်။

Source–ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here