ဘေးအန္တရာယ်စီမံခန့်ခွဲမှုများအတွက် နည်းပညာပိုင်းဆိုင်ရာအထောက်အကူများအပြင် အခြားပံ့ပိုးမှုများအတွက် UNOCHA နှင့်သဘောတူလက် မှတ်ထိုး

0
347

ဘေးအန္တရာယ်စီမံခန့်ခွဲမှုများအတွက် နည်းပညာပိုင်းဆိုင်ရာအထောက်အကူများအပြင် အခြားပံ့ပိုးမှုများအတွက် UNOCHA နှင့်သဘောတူလက် မှတ်ထိုး

မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှုများအ တွက် ထောက်ပံ့ကူညီမှုများပေးအပ်မည့် သ ဘောတူညီမှုစာလွှာအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNOCHA အဖွဲ့တို့ သြဂုတ် ၃၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။

UNOCHA နှင့် သဘောတူညီမှုစာလွှာရေးထိုးခြင်းဖြင့် အစိုးရက ဦးဆောင်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုအားကောင်းစေရန် အား ဖြည့်ဆောင်ရွက်ပေးခြင်း၊အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ၊သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့်ဝန်ကြီးဌာနများကြား စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများ၊နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပေးခြင်း၊ကြိုတင်ပြင်ဆင်ရေးနှင့်သတင်းအချက်အလက် စီမံခန့်ခွဲခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကပြောသည်။

“ပြည်သူတွေရဲ့ ရေရှည်အကျိုးအတွက် ဆောင် ရွက်ဖို့ဆန္ဒရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့  ဆောင်ရွက်မယ့် လုပ်ငန်းတွေကို နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ဝန်ကြီး ဌာနရဲ့ မူဝါဒတွေနဲ့အညီ ညှိနှိုင်းချိတ်ဆက်ဆောင် ရွက်ဖို့လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကပြောသည်။

အလားတူ UNOCHA Myanmar ၏ဌာနေရုံးအ ကြီးအကဲ Mr. David Carden ကသဘောတူညီမှုစာလွှာအရ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများ၊လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့မှုနှင့်ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်နှင့် UNOCHA Myanmar ဌာနေရုံးအကြီးအကဲ Mr. David Carden တို့က သဘောတူညီမှုစာလွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။ 

အဆိုပါ သဘောတူညီစာလွှာသက်တမ်းကာလအတွင်း UNOCHA သည်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပူးပေါင်း၍ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ၊အရေးပေါ်တုံ့ပြန်ရေးလုပ် ငန်းများ၊စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်နည်းပ ညာဆိုင်ရာပံ့ပိုးကူညီပေးခြင်းလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here