ဖျာပုံမြို့နယ်၌ တရားမဝင်ဝင်ရောက်လာသည့် ဘင်္ဂါလီ ၆၅ ဦးနှင့်ပို့ဆောင်ပေးသူ ၄ ဦးတို့အား ဖမ်းဆီးရမိ

0
399

ဖျာပုံမြို့နယ်၌ တရားမဝင်ဝင်ရောက်လာသည့် ဘင်္ဂါလီ ၆၅ ဦးနှင့်ပို့ဆောင်ပေးသူ ၄ ဦးတို့အား ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်၊ဂယက်ကြီးကျွန်း(ခ) ခတ္တာကျွန်းအနီး၌ ငါးဖမ်းစက်လှေဖြင့်တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလီလူမျိုး ၆၅ ဦးနှင့်ပို့ ဆောင်ပေးသူ ၄ ဦးတို့အား သြဂုတ် ၂၉ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၁၀ နာရီခွဲခန့်က ဂယက်ကြီးကျွန်း (ခ)ခတ္တာကျွန်းအနီး တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီများအား တင်ဆောင်လာသည့် ငါးဖမ်းစက်လှေ ၁ စီး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ သံတွဲမြို့နယ်၊ကွင်းဝိုင်းကျေး ရွာနေ ကိုကျော်ဇောလင်း(၃၇)နှစ်မောင်းကာ လှေလုပ်သားများဖြစ်သည့် ကိုမျိုးချစ်ဦး(၁၈)နှစ်၊ကိုသန်းဝင်း(၃၅)နှစ်နှင့်ကိုမြင့်ရွှေ (၅၂)နှစ်တို့အား ဘင်္ဂါလီလူမျိုး အမျိုးသား ၃၆ ဦး၊အမျိုးသမီး ၂၉ ဦး(စုစုပေါင်း ၆၅ ဦး)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ပို့ဆောင်ပေးသူ ၄ ဦးနှင့်ဘင်္ဂါလီလူမျိုး ၆၅ ဦးတို့အား ဥပဒေနှင့်အညီအရေးယူရန် ဘိုကလေးမြို့မရဲစခန်း၌ ခေတ္တထိန်းသိမ်းထားကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိန်းသိမ်းထားစဥ် ဘင်္ဂါလီ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦးတို့သည် ငါးဖမ်းစက်လှေစီးလာစဥ်က လမ်းခရီးတွင် ရာသီဥတုဆိုးရွားမှုနှင့်အစာ ရေစာပြတ်လတ်မှုတို့ကြောင့် ကျန်းမာရေး အခြေအနေဆိုးရွားနေသဖြင့် တာဝန်ရှိသူများက ဆေးကုသမှုများပြုလုပ်ပေးခဲ့ကြသည်။

ယင်းသို့ ကုသပေးနေစဥ် ဘင်္ဂလီအမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၄ ဦးတို့သေဆုံးသွားခဲ့ပြီး ၆ ဦးမှာ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ ငါးဖမ်းစက်လှေမောင်းသူ ကိုကျော်ဇောလင်းအား စစ်ဆေးချက်အရ ဘင်္ဂလီလူမျိုးများအား စစ်တွေမြို့မှပုသိမ်မြို့၊ငွေသောင်ယံကမ်းခြေသို့ပို့ဆောင်ရန် ငွေကျပ်သိန်း ၂၀၀ ဖြင့်ဌားရမ်းခဲ့သူသည် စစ်တွေမြို့နေ ဦးစီမန်(စိစစ်ဆဲ)ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ပြင် ၎င်းတို့သည် သြဂုတ် ၂၂ ရက်နေ့လည် ၁ နာရီက စစ်တွေမြို့မဈေးဆိပ်ကမ်းမှစတင်ထွက်ခွာလာခဲ့ပြီး ဦးစီမန်၏ ဖုန်းဆက်မှုအရ သြဂုတ် ၂၆ ရက်ည ၁၀ နာရီတွင် ကဒုံကနိကျွန်းသာယာအနီးပင်လယ်ပြင်တွင် ကျောက်ချရပ်နား၍ လာရောက်ခေါ်ဆောင်မည့်အဖွဲ့အား စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here