၅/၈/၉/ ကိုင်ဆောင်ထားသူ လုပ်သားထု ဖိနှိပ်ခံနေရသည်ဟူသော သတင်းမှာ ဝါဒဖြန့်ခြင်းသာဖြစ်ဟု အလုပ်သမား၀န်ကြီးဌာနသတင်းထုတ်ပြန်

0
182

၅/၈/၉/ ကိုင်ဆောင်ထားသူ လုပ်သားထု ဖိနှိပ်ခံနေရသည်ဟူသော သတင်းမှာ ဝါဒဖြန့်ခြင်းသာဖြစ်ဟု အလုပ်သမား၀န်ကြီးဌာနသတင်းထုတ်ပြန်

၅/၈/၉/ ကိုင်ဆောင်ထားသူ စက်ရုံတွင်းရှိ လုပ်သားထု ဖိနှိပ်ခံနေရသည်ဟူသော သတင်းမှာ ဝါဒဖြန့်ခြင်းသာဖြစ်ဟု အလုပ်သမား၀န်ကြီးဌာနက ဩဂုတ်လ ၃၁ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၅ ရက်တွင် CTUM Myanmar Page မှ ၅ /၈/၉/ ပါ အင်္ကျီများ၀တ်ဆင်ပြီး ဖိနှိပ်ခံနေရသော ၅/ ၈ /၉/ ကိုင်ဆောင်ထားသူလုပ်သားထုနှင့် ရပ်တည်လျ က်ရှိကြောင်း လူငယ်များသမဂ္ဂဗဟို (Youths Union Centre Labour Alliance) အဖွဲ့နှင့် CTUM အဖွဲ့တို့မှ ကျား (၂)ဦး၊ မ(၁)ဦး၊ ပေါင်း(၃)ဦးတို့သည် လှိုင်သာယာ (အနောက် ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ နဝဒေးမင်းကြီးလ မ်း၊ အမှတ် (၂၅) ရှိ Zhejiang Tongi clothing Myanmar Co.,Ltd (အထည်ချုပ်စက်ရုံ)ရှေ့၌ ဆန္ဒဖော် ထုတ်သပိ တ်မှောက်”ဟု ဖော်ပြထားသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍ နိုင်ငံသားစိစစ်ရေးကတ်၏ တိုင်းဒေသကြီး/ ပြည်နယ်ဆိုင်ရာ ဖော်ပြချက်ဖြစ်သော စစ်ကိုင်း တိုင်းဒေသကြီး(၅/)၊ မကွေးတိုင်းဒေ သကြီး(၈/)နှင့် မန္တလေးတိုင်းဒေသကြီး(၉)ကိုင်ဆောင် ထားသူ စက်ရုံတွင်းရှိ လုပ်သားထုအား ဖိနှိပ်ခံနေရမှုရှိကြောင်း သတင်းနှင့်ပတ်သက်၍ တာဝန် ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးခဲ့ရာ အဆိုပါ စက်ရုံသည် Mr. Gong Song Lin (ကိုရီးယားနိုင်ငံသား) ပိုင်ဆိုင်ပြီး အလုပ် သ မား ကျား (၁၀၈)ဦး၊ မ(၁၃၈၈)ဦး၊ စုစုပေါင်း(၁၄၉၆)ဦးဖြင့် လုပ်ကိုင်လျက်ရှိသည့် အထည်ချုပ်စက်ရုံဖြစ် ကြောင်း အလုပ်သမား ဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စက်ရုံသည် စတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်မှာ (၇)နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ စက်ရုံမှ အလုပ်သမားများကို အကြောင်းမဲ့ အလုပ်မှထုတ်ပယ်မှုများ မပြုလုပ်ခဲ့ကြောင်း၊ စည်းကမ်းလိုက်နာမှုမရှိသည့် အလုပ်သမားအချို့ကိုသာ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း သိရသည်။

ထို့အပြင် စက်ရုံအတွင်း၌ အလုပ်သမားရေးရာ ထူးခြားဖြစ်စဉ်များ မရှိကြောင်းနှင့် ဆန္ဒပြသူ (၃)ဦးမှာလည်း အဆိုပါစက်ရုံမှ အလုပ်သမားများ မဟုတ်ကြောင်းနှင့် စက်ရုံ အလုပ်သမားများအားလုံး တည်ငြိမ်အေးချမ်းစွာ အလုပ်လုပ်ကိုင်လျက်ရှိကြောင်းနှင့် စက်ရုံမှ နိုင်ငံသားစိစစ်ရေးကတ်အမှတ် (၅/၊ ၈/၊ ၉/) ကိုင်ဆောင်သူ အလုပ်သမားများအား အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းများ ပြုလုပ်မှုမရှိပါကြောင်း သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here