မတ္တရာမြို့နယ်တွင် ထမင်းစားနေသည့်အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
226

မတ္တရာမြို့နယ်တွင် ထမင်းစားနေသည့်အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ထမင်းစားနေသည့် ဦးရွှေနိုင်(၄၆)နှစ်သည် သြဂုတ် ၃၁ ရက်နေ့လည်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၁ နာရီခွဲကျော်ခန့်က အမည်မသိအမျိုးသား ၄ ဦးက ဆိုင်ကယ်နှစ်စီးဖြင့် ကျောက် တံတားကျေးရွာရှိ မန္တလေး-မိုးကုတ်သွားကားလမ်းဘေး၌ဖွင့်ထားသည့် ထမင်းဆိုင်တွင် မိသားစုဝင်များနှင့်အတူ ထမင်းစားနေသည့် ဦးရွှေနိုင်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးရွှေနိုင်ဦး၏ ညာမေးရိုး၊ဘယ်ဘက်လည်ပင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဦးရွှေနိုင်သည် ရေကြည်ကျေးရွာအုပ်စု၊တောင် ခေါင်းကျေးရွာတွင် နေထိုင်လျက်ရှိရာမှ စဉ့်ကူးမြို့နယ်၊ဝါးပိုးချပ်ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ရန် မိသားစုဝင်များနှင့်အတူထွက်ခွာလာစဥ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here