ဆေးနှင့် ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီများ သွင်းကုန်ပါမစ် တင်ပြရန်မလိုဘဲ ပြန်လည်တင်သွင်းနိုင်ပြီဟု နစ က သတင်းထုတ်ပြန်

0
549

ဆေးနှင့် ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီများ သွင်းကုန်ပါမစ် တင်ပြရန်မလိုဘဲ ပြန်လည်တင်သွင်းနိုင်ပြီဟု နစ က သတင်းထုတ်ပြန်

ဆေးဝါးနှင့် ဆေးဝါးအထောက်အကူပြုပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများအတွက် ဖြေလျော့မှုများပြုလုပ်ပြီးဖြစ်သည့်အတွက် ယခင်အတိုင်း Tradenet 2.0 စနစ်ဖြင့် တိုက်ရိုက်လျောက်ထားနိုင်ပြီဟု ကုန်သွယ်ရေး ဦးစီး ဌာနက သတင်းထုတ်ပြန်သည်။

ဆေးဝါးနှင့် ဆေးဝါးအထောက်အကူပြုပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများ သွင်းကုန်လိုင်စင်လျောက်ထားရာတွင် မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပညာရှင်များအသ င်းနှင့် ကျန်းမာရေး၀န်ကြီးဌာန၏ စီစစ်တောင်းခံခြင်းကို ဖြေလျော့ပေးလိုက်သည့်အတွက် ၂၀၂၂ ခုနှစ် ဩဂုတ် လ ၃၁ ရက်မှစ၍ ယခင်အတိုင်း လျောက်ထားနိုင်မည်ဟု ဆိုသည်။

ယခင်က ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့်ပါမစ်များအား စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့သာ တင်ပြရသော်လည်း ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ နိုင်ငံခြားသုံးငွေကြီးကြပ်မူ ကော်မတီသို့ သွင်းကုန်ပါမစ်များအား တင်ပြရပြီး အဆိုပါရုံးမှ ခွင့်ပြုမိန့်ဖြင့်တင်သွင်းရခြင်းဖြစ်သည်။

အစိုးရ၏ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု မူဝါဒများကြောင့် ဒေါ် လာဈေးနှုန်း မြင့်တက်ကာ ဈေးကွက်အတွင်း ဆေးနှင့် ဆေးဝါးပစ္စည်း ဈေးနှုန်းမြင့်တက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ဆေးဝါး ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။

ယင်းသို့ ဆေးနှင့် ဆေးဝါးပြတ်လတ်မှု သတင်းများထွက် ပေါ်ပြီးနောက် ပြင်ပမှ ဒေါ်လာဝယ်ယူကာ မိမိအစီအစဉ်ဖြင့် ငွေပေးချေမည့် လုပ်ငန်းရှင်များကို  စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်မှုဦးစီးဌာနကဆေး ဝါးတင်သွင်းခွင့် လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း သ တင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here