စပိန်တွင် ခရမ်းချဉ်သီးပစ်ပေါက်ကစားပွဲ ပြန်လည်ကျင်းပ

0
266

စပိန်တွင် ခရမ်းချဉ်သီးပစ်ပေါက်ကစားပွဲ ပြန်လည်ကျင်းပ

ဗျုနို၊ဩဂုတ် ၃၁

ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နှစ်ကြာမကျင်းပခဲ့ရသည့် နှစ်စဉ်ကျင်းပမြဲဖြစ်သော “Tomatina” ပွဲတော်ကို စပိန်နိုင်ငံဗျုနိုတွင်  သြဂုတ် ၃၁ ရက် ဗုဒ္ဓဟူးနေ့က ပြန်လည်ကျင်းပခဲ့ပြီး ထောင်နှင့်ချီသောလူများသည် ခရမ်းချဉ်သီးများဖြင့် တစ်ဦးကိုတစ်ဦးပစ်ပေါက်ကစားခဲ့ကြသည်။

ခရမ်းချဉ်သီးမှည့် တန်ချိန် ၁၃၀ ကို တင်ဆောင်လာသော ကုန်တင်ယာဉ် ခြောက်စီးသည် မြို့၏အရှေ့ဘက် ကျဉ်းမြောင်းသော လမ်းများတစ်လျှောက်တွင် တစ်နာရီကြာအောင် အဆိုပါခရမ်းချဉ်သီးများလိုက်လံချပေးရင်း ဝရုန်းသုန်းကားဖြင့်ပျော်နေကြသည်။

ယခုပွဲတော်သည် စပိန်နိုင်ငံအတွက် နိုင်ငံခြားသားများကိုအထူးဆွဲဆောင်နိုင်သည့်ပွဲတော်တစ်မျိုးဖြစ်သည်။အထူးသဖြင့် ဩစတြေးလျ၊ဗြိတိန်၊ဂျပန်နှင့် အမေရိကန်ခရီးသွားများ ပိုမိုစိတ်ဝင်စားကြသည်။

သို့သော်ယခုနှစ်အတွက် အာရှတွင်ကိုဗစ်ကန့်သတ်ချက်များကြောင့် လက်မှတ်အစောင်ရေ နှစ်သောင်းရောင်းချရန်သတ်မှတ်ထားသော်လည်း စောင်ရေတစ်သောင်းခွဲသာရောင်းချခဲ့ရသည်ဟု ဒေသဆိုင်ရာအရာရှိတစ်ဦးကဆိုသည်။

ကျွန်တော်တို့ဒီ “Tomatina” ပွဲတော်ကိုရောက်လာရတာက ဒီပွဲကမြင်ဖူးကြုံဖူးသမျှထဲမှာ အထူးဆန်းဆုံးနဲ့ပျော်စရာအကောင်းဆုံးမို့ပါ ဟု မက္ကဆီကိုခရီးသွားဧည့်သည်တစ်ဦးဖြစ်သည့် ပက်ထရစ်စီယ်ု ကဆိုသည်။

တ‌ေန့ တခြား တိုးပွားလာသော ပွဲတော်ဆင်နွှဲသူအရေအတွက်ကိုထိန်းချုပ်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်မှစကာ လက်မှတ်ဖြင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

“ကျွန်တော်တို့ ချစ်ရတဲ့ပါတီပွဲကို ပြန်စဖို့ တကယ်ကို စိတ်အားထက်သန်နေပါတယ်၊ အချင်းချင်းခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ပြီး လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ စိတ်လှုပ်ရှားစရာ၊စိတ်ညစ်ညူးစရာအားလုံးကို ပေါက်ကွဲ ပစ်လိုက်ဖို့စိတ်အားထက်သန်နေပါတယ်” ဟု ဗျုနို ခရီးသွားလုပ်ငန်းကောင်စီဝင် မာရီယာ‌‌ေဗာလေကပြောကြားခဲ့သည်။

အဆိုပါပွဲတော်ကို စပိန်တွင် ၁၉၄၅ ခုနှစ်ကတည်းကစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် နိုင်ငံ၏ခရီးသွားအများဆုံးစိတ်ဝင်စားသည့် ‌ထင်ရှားသောပွဲတော်အဖြစ်သတ်မှတ်ခဲ့သည်။အလားတူပွဲမျိုးကို ကိုလံဘီယာ၊ကိုစတာရီကာ၊ချီလီနှင့်အမေရိကတို့တွင်လည်းကျင်းပလေ့ရှိသည်။

Source – AFP/nh


LEAVE A REPLY

Please enter your comment!
Please enter your name here