မြန်မာနိုင်ငံတစ်ဝှမ်း၌ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၉ သိန်းခွဲနီးပါးအထိရှိလာဟု UNOCHA ထုတ်ပြန်

0
79

မြန်မာနိုင်ငံတစ်ဝှမ်း၌ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၉ သိန်းခွဲနီးပါးအထိရှိလာဟု UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံ၌ ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလမှစတင်ကာ ဖြစ်ပွားခဲ့သည့် အခြေအနေအရပ်ရပ်ကြောင့် နေအိမ်များအားစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရသူ ၉၄၉၀၀၀ ဦးရှိပြီဖြစ်ကြောင်း UNOCHA Myanmar က စက်တင်ဘာ ၁ ရက်(ယနေ့)တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်အတွင်း နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် AA အဖွဲ့တို့ကြား တင်းမာမှုများမြင့်တက်လာပြီး မောင်တော၊ရသေ့တောင်နှင့်မြောက်ဦးမြို့နယ်တို့၌ ထိတွေ့တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်ဟု ထုတ်ပြန်ရေးသားထားသည်။

အလားတူ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၌ ဩ ဂုတ်လဆန်းပိုင်းမှစတင်ကာ ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသဖြင့် ဒေသခံအများအပြားသည် တောတောင်များ၊ဆွေမျိုးမိတ်ဆွေအိမ်များ၊ရွှေ့ပြောင်းအခြေချစခန်းများနှင့်လုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း UNOCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် စစ်ဘေးရှောင်နေရသူများ၏ လိုအပ် ချက်များအား ဒေသခံနှင့်နိုင်ငံတကာအဖွဲ့အစည်းများက တစ်စွမ်းသမျှကူညီပေးလျက်ရှိသော် လည်း ထိရောက်သည့်ကူညီပံ့ပိုးမှုများပေးအပ်နိုင်ရန် အခက်အခဲများရှိနေသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထိုသို့ ခက်ခဲရခြင်းမှာ နယ်မြေအများအပြား၌ လုံခြုံရေးအစီအမံများ တင်းကျပ်ထားကာ ရေ လမ်း၊ကားလမ်းများအပါအဝင် ဆေးဝါးပစ္စည်းထောက်ပံ့မှုများ၊ စားနပ်ရိက္ခာနှင့်အခြား လူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးကိုလည်း ကန့်သတ်ထား သည်ဟု ထုတ်ပြန်ရေးသားထားသည်။

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တို့ရှိ မြို့နယ် ၁၀ ခုရှိ ရွှေ့ပြောင်းအခြေချစခန်း ၁၆၀ တွင်  ၂၀၁၉-၂၀၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူဦးရေ ၇၅၀၀၀ နီးပါးနေထိုင်နေကြရဆဲဖြစ်သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here