ယနေ့ စက်တင်ဘာ (၁) ရက် တွင် ကိုဗစ် ကူးစက်သူ (၉၄) ဦးရှိပြီး ပြည်တွင်း ကူးစက်မှု (၈၈) ဦးအထိရှိ

0
125

ယနေ့ စက်တင်ဘာ (၁) ရက် တွင် ကိုဗစ် ကူးစက်သူ (၉၄) ဦးရှိပြီး ပြည်တွင်း ကူးစက်မှု (၈၈) ဦးအထိရှိ

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုနှုန်း ပြန်လ ည် မြင့်တက်လာပြီး ပြည်တွင်း ကူးစက်မှုနှုန်းလည်း ပြန် လည်မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ယနေ့ စက်တင်ဘာလ (၁) ရက် ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ကိုဗစ်ကူးစက်ခံရသူ (၉၄) ဦးရှိပြီး ပြည်တွင်း ကူးစက်မှု (၈၈) ဉီးအထိ ရှိကြောင်း သိရသည်။

ဩဂုတ်လ (၃၁)ရက် ညနေပိုင်း  ထုတ်ပြန်ချက်အရ ကိုဗစ် (၁၀၄) ဦး ရှိပြီး ပြည်တွင်း ကူးစက်မှု (၉၆) ဦးအထိ ရှိကြောင်း သိရသည်။

ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်သံသယ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၇၅၃,၈၉၅) ခုအား စစ်ဆေးခဲ့ပြီး အတည် ပြုလူနာ စုစုပေါင်း (၆၁၅,၃၁၅) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ (၁) ရက်တွင် ကိုဗစ်ရောဂါဖြင့် သေ ဆုံးသူ (၁) ဦး ရှိပြီး မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါဖြင့် သေဆုံးသူ စုစုပေါင်း ၁၉,၄၃၉ ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြန်လည်ရောင်းမွန်လာသူ (၃၇) ဦးရှိကာ စုစု ပေါင်း ပြန်လည်ကောင်းမွန်လာသူ ၅၉၃,၆၅၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here