စက်သုံးဆီ နှင့် စားသုံးဆီ တင်သွင်းသူများကို အမေရိကန်ဒေါ် လာ သန်း ၂၀၀ ကျော် ထုတ်ချေးမည်ဖြစ်သဖြင့် ကုန်ဈေး နှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်မည်ဟု ဗဟိုဘဏ် တာဝန်ရှိသူပြော

0
139

စက်သုံးဆီ နှင့် စားသုံးဆီ တင်သွင်းသူများကို
အမေရိကန်ဒေါ် လာ သန်း ၂၀၀ ကျော် ထုတ်ချေးမည်ဖြစ်သဖြင့် ကုန်ဈေး နှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်မည်ဟု ဗဟိုဘဏ် တာဝန်ရှိသူပြော

အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ဘဏ်များမှတဆင့် စ က်သုံးဆီ တင်သွင်းသူများနှင့် စားသုံးဆီ တင်သွင်းသူ များအား အဓိကထား ထုတ်ချေးသွားမည် ဖြစ်သဖြင့် ကု န်ဈေးနှုန်း မြင့်တက်မှုဂယက်ကို ခံစားနေရသည့် ပြည်သူများ သက်သာရာ ရနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ဩဂုတ်လ (၃၁) ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည့် ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့မည့် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“စက်သုံးဆီ၊ စားသုံးဆီများအတွက် ဗဟိုဘဏ်ဈေးနှုန်းဖြင့် ထောက်ပံ့ပေးခြင်းဖြစ်သဖြင့် ကုန်ဈေးနှုန်း ကျဆင်းခြင်းကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အဆိုပါ အကျိုး သက်ရောက်မှုခံစားနိုင်မည်ဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ် လာသန်း (၂၀၀) ကျော်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ ထောက်ပံ့ပေးမည်ဖြစ်ပြီး အဆိုပါ ကိစ္စကို ဩဂုတ်လ (၃၁) ရက် တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ထောက်ပံ့ရာတွင် စက်သုံးဆီ တင်သွင်းသော ကုမ္ပ ဏီများနှင့် စားသုံးဆီတင်သွင်းသော ကုမ္ပဏီများသို့ ဈေးကွက်တွင် ဝယ်ယူခြင်းဖြင့် ဈေးကြီးမားခြင်းမှ သက် သာစေရန် အဓိကအားဖြင့် ဗဟိုဘဏ်မှ ဘဏ်များမှတစ် ဆင့် လှည့်လည်ငွေအဖြစ် AD လိုင်စင်ရ ဘဏ်များမှတစ် ဆင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒေါ်လာ ထုတ်ချေးရာတွင်လည်း ဗဟိုဘဏ်၏ ရည်ညွှန်းဈေး ဖြစ်သော (၁) ဒေါ်လာ (၂၁၀၀) ကျပ်ဖြင့် ထုတ်ချေးမည် ဖြစ်သည့်အတွက် စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းလာစေရေး ထိန်းညှိနိုင်ရန် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော် မတီနှင့် ညှိနှိုင်းထားကြောင်းလည်း အဆိုပါ ဗဟိုဘဏ် တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် စက်သုံးဆီ ကုမ္ပဏီများအနေဖြင့် ပြည်ပမှ စက်သုံးဆီ တင်သွင်းရန် နိုင်ငံခြားငွေလိုအပ်ချက် အ များဆုံးဖြစ်သဖြင့် ယင်းကဏ္ဍကို ပံ့ပိုးပေးလိုက်သည့် အတွက် နိုင်ငံခြားငွေဈေးကွက်တွင် ဝယ်လိုအား လျော့ နည်း သွားနိုင်ပြီး ပြင်ပဈေးကွက်အတွင်း ဒေါ်လာ ဝယ် လိုအား ကျဆင်းကာ ဒေါ်လာဈေးနှုန်းပါ ကျဆင်း သွားနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ဗဟိုဘဏ်က ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု သ တင်း ထုတ်ပြန်ပြီးနောက် ပြည်တွင်း၌ တစ်ရက်အတွင်း စက်သုံးဆီဈေးနှုန်း၊ ဒေါ်လာဈေးနှုန်းနှင့် ရွှေဈေးနှုန်းများ ကျဆင်းသွားကြောင်း ဈေးကွက် သတင်းရင်းမြစ်များထံမှ သိရသည်။

ဩဂုတ်လ (၃၁) ရက် က ၂၇၀၀ ဝန်းကျင် ဈေးပေါက်ခဲ့သည့် စက်သုံးဆီ ဈေးနှုန်းမှာ ယနေ့တွင် ၂၃၅၀ ဝန်း ကျင်အထိ ကျဆင်းသွားပြီး ဒေါ်လာဈေးနှုန်းမှာလည်း ဩဂုတ်လ (၃၁) ရက် ညနေပိုင်းတွင် (၁) ဒေါ်လာ ၄၅၀၀ ကျပ် အထိ ဈေးမြင့်ခဲ့ရာမှ ယနေ့ ညနေပိုင်းတွင် ၃၅၀၀ ကျပ်အထိ ဈေးကျခဲ့ကြောင်းသိရသည်။

ပြည်တွင်း အခေါက်ရွှေဈေးနှုန်းအနေဖြင့်လည်း ဩဂုတ် လ (၃၁) ရက် ညနေပိုင်း ဈေးကွက်အပိတ်ဈေးနှုန်းအရ အခေါက်ရွှေ(၁) ကျပ်သားလျင် (၃၇) သိန်းအထိ စံချိန်တင် ဈေးမြင့်တက်ခဲ့သော်လည်း ယနေ့တွင် သိန်း(၃၀) အထိ ဈေးကျဆင်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here