ရေဘေးအကူအညီများရရှိရန်အိန္ဒိယက လမ်းကြောင်းဖွင့်ပေးဖို့ပါကစ္စတန်တိုက်တွန်း

0
270

ရေဘေးအကူအညီများရရှိရန်အိန္ဒိယက လမ်းကြောင်းဖွင့်ပေးဖို့ပါကစ္စတန်တိုက်တွန်း

ရှီကာရာပူ၊ဩဂုတ် ၃၁

ပါကစ္စတန်နိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသော သိန်းနှင့်ချီသောလူများအားကူညီနေသောနိုင်ငံတကာအေဂျင်စီများသည်  အိန္ဒိယထံမှ ရိက္ခာတင်သွင်းမှုအပေါ်ကန့်သတ်မှုများ ကိုဖြေလျှော့ပေးရန် တောင်းဆိုခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးတစ်ဦးက ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

ပုံမှန်မဟုတ်သောမုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံ၏သုံးပုံတစ်ပုံတွင် ရေကြီးနစ်မြုပ်ခဲ့ပြီး ကလေးငယ် ၃၈၀ အပါအဝင် လူပေါင်း ၁၁၀၀ ကျော်သေဆုံးခဲ့သည်။ယင်းသို့မကြုံစဖူးရာသီဥတုပြောင်းလဲမှုများကြောင့် ပါကစ္စတန်အားအကူအညီပေးနိုင်ရန် ကုလသမဂ္ဂက အမေရိက အား ဒေါ်လာသန်း ၁၆၀ တောင်းခံထားသည်။

ပါကစ္စတန်၌ အစားအသောက်ဈေးနှုန်းများ တဟုန်ထိုးတက်နေပြီး ကပ်ဘေးဒဏ်ခံနေရသော သန်းနှင့်ချီသောသူများသည် စိတ်ဆင်းရဲနေကြသည်။ဟင်းသီးဟင်းရွက်နှင့် အခြားစားနပ်ရိက္ခာများထောက်ပံ့နိုင်ရန် အစိုးရသည် အိန္ဒိယနှင့်ပိတ်ထားသော နယ်စပ်အများစုရှိကန့်သတ်ချက်များကို ဖြေလျှော့ရန်စဉ်းစားနေကြောင်း ဘဏ္ဍာရေးဝန်ကြီး Miftah Ismail ကပြောကြားခဲ့သည်။

“အိန္ဒိယနယ်စပ်မှတစ်ဆင့်ရိက္ခာပစ္စည်းများ ယူဆောင်လာနိုင်ရန် နိုင်ငံတကာအေဂျင်စီများက အစိုးရထံချဉ်းကပ်တောင်းဆိုနေသည်” ဟု Ismail က တွစ်တာတွင်ပြောကြားခဲ့သည်။ထောက်ပံ့မှုအခြေအနေများအပေါ်အခြေခံ၍ ညွန့်ပေါင်းအဖွဲ့ဝင်များနှင့်တိုင်ပင်ပြီးပါက အစိုးရကခွင့်ပြုမပြုဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ကောက်ပဲသီးနှံဧကထောင်ပေါင်းများစွာ ရေထဲနစ်မြုပ်ပျက်စီးသွားကြောင်း ဝန်ကြီးချုပ် Shehbaz Sharif ကပြောကြားခဲ့သည်။ “ကျွန်တော်တို့ စပါးနှံတွေဆုံးရှုံးခဲ့ရပြီး သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်များ ပျက်စီးကုန်ပါတယ်” ဟုလည်း သတင်းထောက်များအားပြောကြားခဲ့သည်။အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး Akhtar Nawaz ကမူ စိုက်ပျိုးမြေ ၈၀၉,၃၇၁ ဟက်တာကျော်ရေနစ်မြုပ်သွားကြောင်း ပြောကြားခဲ့သည်။

နျူလက်နက်များအသီးသီးပိုင်ဆိုင်ထားကြသည့် အိမ်နီးချင်းနိုင်ငံများသည် ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှအင်ပါယာမှလွတ်မြောက်ပြီးကတည်းက စစ်ပွဲသုံးကြိမ်ဆင်နွှဲခဲ့ကြပြီး ၎င်းတို့၏နယ်စပ်များကို ခိုင်ခံ့စွာပိတ်ထားခဲ့ကြသည်။ဟိုယခင်က သမိုင်းတွင်သောယဉ်ကျေးမှုနှင့် မိသားစုကဲ့သို့သောဆက်ဆံရေးများရှိခဲ့ကြသော်လည်း ပါကစ္စတန်မူဆလင်များနှင့် ဟိန္ဒူအများစုနေထိုင်သော အိန္ဒိယတို့အကြား ကုန်သွယ်မှုနှင့်ခရီးသွားလာမှုမှာ အလွန်နည်းပါးသည်။

ပါကစ္စတန်သည်ယခုနှစ်ဩဂုတ်လအထိ သုံးလပတ်အတွင်း စုစုပေါင်းမိုးရေချိန် ၃၉၀ ဒသမ ၇ မီလီမီတာ ရှိခဲ့ပြီးနှစ်ပေါင်း ၃၀ အတွင်းပျမ်းမျှမိုးရေချိန်ထက် ၁၉၀ ရာခိုင်နှုန်းနီးပါးသာလွန်ခဲ့သည်။လူဦးရေ သန်း ၅၀ နီးပါးရှိသော နိုင်ငံတောင်ပိုင်းရှိ ဆင့်ဒ် ပြည်နယ်သည် အဆိုးရွားဆုံးဒဏ်ခံခဲ့ရပြီး နှစ် ၃၀ အတွင်းပျမ်းမျှမိုးရွာသွန်းမှုထက် ၄၆၆ ရာခိုင်နှုန်းပိုမိုရွာသွန်းခဲ့သည်။

လျှပ်တစ်ပြက်ရေကြီးမှုကြောင့် နေအိမ်များ၊စီးပွားရေးလုပ်ငန်းများ၊အဆောက်အအုံများနှင့် ကောက်ပဲသီးနှံများ ဆုံးရှုံးခဲ့သည်။လူပေါင်း ၃၃ သန်းအင်အားရှိသောတောင်အာရှနိုင်ငံ၏ ၁၅ ရာခိုင်နှုန်းသည် ထိခိုက်နစ်နာခဲ့ရသည်ဟု အစိုးရကပြောကြားခဲ့သည်။အစောပိုင်းခန့်မှန်းချက်များအရ ရေကြီးမှုကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိကြောင်း အစိုးရကပြောကြားခဲ့သည်။

Source -ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here