အချိုရည်ဘူးခွံဖြင့်ပြုလုပ်ထားသည့်လက်လုပ်မိုင်းကို ကလေးငယ်တစ်ဦးက ကောက်ယူရာမှ ပေါက်ကွဲမှုဖြစ်ပွား၊ သားအမိနှစ်ဦးမိုင်းစထိမှန်ဒဏ်ရာများဖြင့်သေဆုံး

0
136

အချိုရည်ဘူးခွံဖြင့်ပြုလုပ်ထားသည့်လက်လုပ်မိုင်းကို ကလေးငယ်တစ်ဦးက ကောက်ယူရာမှ ပေါက်ကွဲမှုဖြစ်ပွား၊ သားအမိနှစ်ဦးမိုင်းစထိမှန်ဒဏ်ရာများဖြင့်သေဆုံး 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြိုနယ်၊ စေတီကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းအရှေ့ရှိ နားနေဆောင်အနီးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦး မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မခင်မာဝင်း (၂၇) နှစ်သည် သမီးဖြစ်သူ မပိစိမ (၁၁) နှစ် နှင့်အတူ ရပ်ကွက်များအတွင်း ဘူးခွံ၊ ပုလင်းခွံများ လိုက်လံကောက်ယူနေစဉ် အခင်းဖြစ်ရာအရောက်၌ အချိုရည်ဘူးခွံဖြင့် ပြုလုပ်ထားပြီး ထောင်ထားသည့် လက်လုပ်မိုင်းအား မပိစိမမှ ဘူးခွံထင်၍ ကောက်ယူခဲ့သည့်အချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပေါက်ကွဲမှုကြောင့် မပိစိမတွင် ဝမ်းဗိုက်နှင့် ဝဲခြေထောက်တို၌ မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ပြီး မခင်မာဝင်းတွင် နောက်ကျော၊ ယာခြေသလုံးနှင့် ယာလက်ဖျံတိုတွင် မိုင်းစထိမှန်ဒဏ်ရာ ၉ ချက်ရရှိခဲ့သဖြင့် ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here