ယနေ့ ဒေါ်လာ နှင့် ရွှေ အခြေနေ
ရန်ကုန်၊စက်တင်ဘာ ၂
ယနေ့မနက်တွင်ဒေါ်လာ အဝယ်(၃၁၀၀)ဖြစ်ခဲ့ပြီး အရောင်း(၃၃၀၀)ဖြစ်နေခဲ့သည်။
အဝေးလွဲ အနေဖြင့် (၃၁၀၀)အဝယ်(၃၁၅၀)အရောင်း။
ရွှေ(၂၈၅၀၀၀၀)အဝယ်(၂၉၀၀၀၀၀)အရောင်း
ရှိနေပြီး ယခု နေ့ခင်းတွင် စျေးအနည်းငယ် ပြန်တက်လာသည်ကိုတွေ့ရသည်။
ယခု နေ့လယ် ၁နာရီ သတင်းအရ
မူဆယ်တစ်ယွမ်(၄၂၀)ကျပ်
မြဝတီတစ်ဘတ်(၈၂)ကျပ် ဟု သိရှိထားသည်။
ယခုပြန်ဆွဲတင်သွားသည့်စျေးမှာ $(၃၃၀၀)နှင့် ရွှေ(၂၉)သိန်းကျော်ဖြစ်သည်။
စျေးကွက်မှာ လေသမားဆွဲတင်ဆွဲချကစားနေတာမခံရဖို့သတိထားကြဖို့တိုက်တွန်းကြောင်း စျေးနူန်း နှင့် အခြေနေ သုံးသပ်နိုင်သည့်သူများက ဝင်မကစားကြသော်လည်း အချို့မှာ ယခုမှ ဝင်ကစားကြပြီး မသေချာသောအချက်လက်များအားယုံကြည်၍ ကစားကြရာမှ ဆုံးရူံးနစ်နာမူများ ရှိနေသည်ကိုလည်း ကြားသိနေရသဖြင့် သတိရှိကြပါရန် စျေးကွက်စောင့်ကြည့်သူတဦးက ပေါ်ပြူလာနယူးစ်သို့ပြောကြားထားသည်။
နောက် လုပ်ငန်းရှင်တဦး၏ အပြောအရမနက်ကအဝယ်မရှိ ဘဲ ရွှေစျေး ၂၈၅၀၀၀၀ဖြစ်ခဲ့သည်ဟုဆိုသည်။
ဗဟိုဘဏ်ဖက်မှစျေးကွက်အတွင်းသို့ဝင်ရောက်ရောင်းချမည့်အစီအမံများအချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ခြင်းမရှိသဖြင့်ရွှေစျေး ၃၀၀၀၀၀၀ ပြန်ကျော်ပြန်ဖြစ်လာသည်ဟုသိရသည်။
ပကတိအခြေအနေမှာ သာမန်လူများ ဝယ်ယူအား မရှိဟုသိရပြီးရွှေနှင့်ငွေ စျေးကစား သူများ နှင့် ငွေကြေးတတ်နိုင်သူအချို့ဝင်ရောက်ရောင်းဝယ် နေခြင်းသာဖြစ်ပါတယ်ဟု ပေါ်ပြူလာနယူးစ်သို့ အဆိုပါ လုပ်ငန်းရှင်ကပြောကြားခဲ့သည်