ကုလသမဂ္ဂ လူအခွင့်အရေး ကျွမ်းကျင်သူပညာရှင်အသစ်အား ဘက်လိုက်သည်ဟု မြောက်ကိုရီးယားက ရှုတ်ချ

0
84

ကုလသမဂ္ဂ လူအခွင့်အရေး ကျွမ်းကျင်သူပညာရှင်အသစ်အား ဘက်လိုက်သည်ဟု မြောက်ကိုရီးယားက ရှုတ်ချ

ဆိုးလ်၊ စက်တင်ဘာ ၂

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မိမိ၏ အစိုးရကို ဖြုတ်ချရန် အမေရိကန်က ဦးဆောင်နေသော ကြိုးပမ်းမှုများကို ၎င်း၏ နိုင်ငံအနေဖြင့် သည်းခံလိမ့်မည် မဟုတ်ဟု ပြောဆိုလျက် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ အသစ်အား ဘက်လိုက်သည်ဟု ပြစ်တင်ဝေဖန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ စက်တင်ဘာ ၂ ရက် သောကြာနေ့ တွင် ဖော်ပြခဲ့သည်။

ကုလသမဂ္ဂ၏ မြောက်ကိုရီးယားဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူအသစ် အဲလီဇဘတ် ဆယ်လ်မွန်သည် ပြီးခဲ့သည့်လ အဆိုပါ ရာထူးအား စတင်တာဝန်ယူခဲ့ချိန်မှစ၍ တောင်ကိုရီးယားသို့ ပထမဆုံး တရားဝင်လည်ပတ်ခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ရန် နှစ်နှစ်ကြာ တင်းကျပ်သော စီမံချက်များ ချမှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယား၏ လူအခွင့်အရေး အခြေအနေသည် ပိုမိုဆိုးရွားလာခဲ့ကြောင်း အဲလီဇဘတ်က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ ရုပ်သေးရုပ်မျှသာဖြစ်တဲ့ ဘယ်အထူးအစီရင်ခံစာတင်သွင်းသူကိုမဆို အသိအမှတ်မပြုသလို ဆက်ဆံတာမျိုးလည်း လုပ်မှာမဟုတ်ဘူးဆိုတဲ့ ကျွန်တော်တို့ရဲ့ မူကို နဂိုတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ” ဟု KCNA မှ အမည်မသိ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို ကိုးကား၍ ပြောကြားထားသည်။

ပြုံယမ်းသည် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များကို  အကြိမ်ကြိမ်ပယ်ချခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုများကိုလည်း ၎င်း၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် အမေရိကန်က ကျောက်ထောက်နောက်ခံပြုထားသော အစီအစဉ်များဟူ၍ ဝေဖန်ခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်းအစိုးရကို ဖြုတ်ချရန် ရည်ရွယ်ထားသည့် အမေရိကနှင့် ၎င်း၏ လက်အောက်ခံများတပ်ဖွဲ့များ၏ လူအခွင့်အရေး တွန်းအားပေးမှုများကို ခွင့်လွှတ်မဟုတ်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မကြာသေးမီက ကုလသမဂ္ဂ၏ သီးခြားအစီရင်ခံစာတစ်ခုတွင် မြောက်ကိုရီးယား၏ ကိုရိုနာဗိုင်းရပ်ထိန်းချုပ်ရေးဆောင်ရွက်မှုများသည် သတင်းအချက်အလက်ရယူခွင့်အပေါ် ကန့်သတ်ချက်များ၊ ပိုမိုတင်းကျပ်သော နယ်စပ်လုံခြုံရေးနှင့် ဒစ်ဂျစ်တယ်စောင့်ကြည့်ခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် နိုင်ငံ၏လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုဆိုးရွားစေသည်ဟု ဆိုသည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here