မင်းသမီးအန်းဟက်ရှ်ကွယ်လွန်ချိန်တွင် သေတမ်းစာမရေးထားသဖြင့်သားအကြီးမှ ပိုင်ဆိုင်မှုများကိုစီမံခွင့်ရရန်တောင်းဆို

0
220

မင်းသမီးအန်းဟက်ရှ်ကွယ်လွန်ချိန်တွင် သေတမ်းစာမရေးထားသဖြင့်သားအကြီးမှ ပိုင်ဆိုင်မှုများကိုစီမံခွင့်ရရန်တောင်းဆို

သရုပ်ဆောင်မင်းသမီးအန်းဟက်ရှ်သည် ယာဉ်တိုက်မှုကြောင့်သေဆုံးသွားချိန်တွင် သေတမ်းစာရေးထားခဲ့ခြင်းမရှိသဖြင့် အသက် ၂၀ အရွယ်ရှိသူမ၏သားအကြီးက မိခင်၏ပိုင်ဆိုင်မှုများကို ၎င်းအားထိန်းသိမ်းစောင့်ရှောက်ခွင့်ပေးပါရန် တရားရုံးသို့လျှောက်ထားခဲ့ကြောင်းသိရှိရသည်။

မင်းသမီးဟက်ရှ်၏ ခင်ပွန်းဟောင်း Coleman Laffoon နှင့် ရရှိခဲ့သည့် သားအကြီးဖြစ်သူ Homer Laffoon က လော့စ်ဆန်းဂျလိစ်ရှိတရားရုံးတွင် မိခင်၏ပိုင်ဆိုင်မှုများကို ၎င်းအားစီမံခန့်ခွဲခွင့်ပြုပါရန် ဩဂုတ်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့က ရုံးတော်သို့အသနားခံစာတင်သွင်းခဲ့သည်။

အဆိုပါအသနားခံစာတွင် သူ၏အမွေဆက်ခံသူများအဖြစ် လက်တွဲဖော်ဟောင်း James Tupper ၏သားဖြစ်သူ အသက် ၁၃ နှစ်အရွယ်ရှိ Atlas Tupper နှင့် Coleman Laffoon နှင့်ရရှိခဲ့သည့်သား Homer Laffoon တို့အားစာရင်းပြုစုထားသည်။

မင်းသမီးဟက်ရှ်၏ ပိုင်ဆိုင်မှုပမာဏကို မသိရသေးကြောင်း စာရွက်စာတမ်းများတွင်ဖော်ပြထားသော်လည်း ယခုကဲ့သို့အမှုစွဲတင်ခြင်းသည် ကွယ်လွန်သူ၏ပိုင်ဆိုင်မှုများကို မည်သူကစီမံခန့်ခွဲရမည်ဟူသည်ကို တရားဝင်အခွင့်အာဏာမပေးမီ ပထမဆုံးတင်သွင်းမှုများအား ယင်းသို့ကြေငြာလေ့ရှိသည်။

သားအကြီးဖြစ်သူ Homer Laffoon သည် ညီဖြစ်သူ၏ ရပိုင်ခွင့်ကိုကိုယ်စားပြုတောင်းဆိုပေးရန် တစ်စုံတစ်ယောက်အားခန့်အပ်ပေးရန်လည်း တရားရုံးအားတောင်းဆိုသည့် အသနားခံစာကိုလည်းတင်သွင်းခဲ့သည်။အဆိုပါကိစ္စများနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပေးရန် မင်းသမီး၏ကိုယ်စားလှယ်ထံ အီးမေးလ်ဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိခဲ့ပေ။

ဩဂုတ်လ ၅ ရက်နေ့က ဟက်ရှ်မောင်းနှင်လာသောကားသည် လော့စ်ဆန်းဂျလိစ်ရှိ နေအိမ်တစ်အိမ်ကိုဝင်တိုက်မိကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။ထိုယာဉ်တိုက်မှုကြောင့် ဩဂုတ်လ ၁၁ ရက်နေ့တွင်ဦးနှောက်သေဆုံးသွားခဲ့ကြောင်းကြေငြာခဲ့ပြီး အသက်ကယ်ထောက်ပံ့မှုဖြင့် နောက်ထပ်သုံးရက်ထားကာ အခြားကောင်းမွန်နေသေးသည့် သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို လှူဒါန်းခဲ့သည်။

အသက် ၅၃ နှစ်အရွယ်ရှိမင်းသမီး ဟက်ရှ်သည် ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းကာလများအတွင်း ဘောလိဝုဒ်ရုပ်ရှင်လောက၏ ကြယ်တစ်ပွင့်ဖြစ်ခဲ့ပြီး Jonny Depp အပါအဝင် Harrison Ford အစရှှိသည့် နာမည်ကြီး မင်းသားများနှင့်လည်းတွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။သူမ၏သရုပ်ဆောင်သက်တမ်းမှာ ဆယ်စုနှစ်သုံးခုကျော်ကြာမြင့်ခဲ့သည်။

သူမသည် မစ္စတာ Coleman Laffoon နှင့် ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ လက်ထပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိသရုပ်ဆောင် James Tupper နှင့်လည်းတွဲခဲ့ဖူးသည်။မင်းသမီးသည် ၎င်းတို့နှစ်ဦးလုံးနှင့် သားတစ်ယောက်ဆီရရှိခဲ့သည်။

Source – အေပီ/အက်စ်အာ


LEAVE A REPLY

Please enter your comment!
Please enter your name here