မြောက်ကိုရီးယားက နျူစမ်းသပ်မှု ပြုလုပ်ပါက ပြင်းပြင်ထန်ထန် တုံ့ပြန်မည်ဟု တောင်ကိုရီးယား အရာရှိပြော

0
216

မြောက်ကိုရီးယားက နျူစမ်းသပ်မှု ပြုလုပ်ပါက ပြင်းပြင်ထန်ထန် တုံ့ပြန်မည်ဟု တောင်ကိုရီးယား အရာရှိပြော

ဆိုးလ်၊ စက်တင်ဘာ ၂

တောင်ကိုရီးယား၊ အမေရိကနှင့် ဂျပန်နိုင်ငံတို့မှ အမျိုးသားလုံခြုံရေး အကြံပေးများသည် မြောက်ကိုရီးယားက နျူကလီယားစမ်းသပ်မှု ပြုလုပ်ပါက ညင်ညင်သာသာ တုံ့ပြန်လိမ့်မဟုတ်ဟု သဘောတူညီခဲ့ကြကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြံပေး ကင်မ်ဆွန်းဟန်က ပြောကြားခဲ့သည်ဟု ယွန်းဟပ်သတင်းဌာနက စက်တင်ဘာလ ၂ ရက် သောကြာနေ့တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမအကြိမ် ပြန်လည်ပြုလုပ်မည့် နျူစမ်းသပ်မှုအတွက် လိုအပ်သော ပြင်ဆင်မှုများ ပြီးစီးသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ 

ထိုသို့ ထွက်ပေါ်လာချိန်တွင် ကင်မ်က ယခုအပတ်အတွင်း အမေရိကန်နှင့် ဂျပန် အမျိုးသားလုံခြုံရေး အကြံပေးများဖြစ်သည့် ဂျိတ်ခ် ဆူလီဗန်၊ အာကီဘာ တာကီအိုတို့နှင့် သုံးနိုင်ငံ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည့် ဟာဝိုင်အီတွင် ယင်းကဲ့သို့မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြောက်ကိုရီးယားက သူရဲ့ ခုနှစ်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့မယ်ဆိုရင်၊ တုံ့ပြန်မှုက အရင်ကနဲ့ လုံးဝကို ကွာသွားမှာပါ” ဟု ကင်မ်က သုံးနိုင်ငံ ဆွေးနွေးမှုအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်ဟု ယွန်းဟပ်က ဖော်ပြခဲ့သည်။

“မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု ခြောက်ကြိမ်အပြင် နောက်ထပ် စမ်းသပ်မှုတစ်ခု ထပ်လုပ်နေတဲ့အပေါ် အန္တရာယ်မမြင်ဘဲ ကိုယ့်ကိုယ်ကို အားရ ကျေနပ်နေတဲ့ အတွေးမျိုးတွေ ဒါမှမဟုတ် တုံ့ပြန်မှုမျိုးတွေ ဘယ်တော့မှ မရှိသင့်တော့ဘူးလို့ ကျွန်တော်တို့ သဘောတူညီထားပါတယ်” ဟု ကင်မ်က ဆိုသည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ပုံမှန်မဟုတ်သော အရှိန်အဟုန်ဖြင့် ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကတို့ပူးတွဲကာ ၎င်းတို့၏ အကြီးဆုံး ကွင်းဆင်း စစ်ရေးလေ့ကျင့်မှုများကို ပြန်လည်စတင်ခဲ့ပြီးနောက် ဩဂုတ်လလယ်တွင် မြောက်ကိုရီးယားသည် ခရုဇ်ဒုံးကျည်နှစ်စင်းကို အနောက်ကမ်းရိုးတန်းသို့ ပစ်လွှတ်ခဲ့သည်။

ယခုအပတ်အတွင်း ပြုလုပ်ခဲ့သော အဆိုပါ သုံးနိုင်ငံအစည်းအဝေးသည် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို ရာထူးတက်လာပြီးနောက်ပိုင်း အရာရှိသုံးဦး၏ ပထမဆုံးတွေ့ဆုံမှုဖြစ်သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here