ရုရှားသည် Mitsui လုပ်ငန်းစုနှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းမှုကိုမြှင့်တင်ရန်မျှော်လင့်

0
259

ရုရှားသည် Mitsui လုပ်ငန်းစုနှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းမှုကိုမြှင့်တင်ရန်မျှော်လင့်

မော်စကို၊စက်တင်ဘာ ၂

ရုရှားနိုင်ငံသည် ဂျပန်နိုင်ငံမှ Mitsui လုပ်ငန်းစုနှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် မျှော်လင့်ထားကြောင်း ရုရှားနိုင်ငံ၏ဒုတိယဝန်ကြီးချုပ် Alexander Novak က ကြာသပတေးနေ့က အစိုးရထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။

Mitsu လုပ်ငန်းစု၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မစ္စတာ Motoyasu Nozaki ၏ကိုယ်စားလှယ်နှင့်တွေ့ဆုံရာ၌ ရုရှားနိုင်ငံအရှေ့ဘက်စွန်းရှိ ဓာတ်ငွေ့စီမံကိန်းအများအပြား ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးစဉ် ရုရှားနိုင်ငံဒုဝန်ကြီးချုပ် မစ္စတာ Novak က မော်စကိုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို အထူးမျှော်လင့်ထားကြောင်းပြောကြားခဲ့သည်ဟု အစိုးရ၏ထုတ်ပြန်ချက်တွင်ထည့်သွင်းပြောကြားခဲ့သည်။

Mitsui လုပ်ငန်းစုသည် ၁၉၅၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလများအတွင်း ဂျပန်စီးပွားရေးကိုလွှမ်းမိုးထားသည့် ကုမ္ပဏီကြီးများဖြစ်ကာ ကမ္ဘာ့အကြီးဆုံးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များထဲမှတစ်ခုဖြစ်သည်။

Source -ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here