စီးပွားရေး‌ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံမှ ဆန်တန်ချိန် (၁၀၀၀) လှူဒါန်း

0
240

စီးပွားရေး‌ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံမှ ဆန်တန်ချိန် (၁၀၀၀) လှူဒါန်း

စီးပွားရေး‌ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံမှ ဆန်တန်ချိန် (၁၀၀၀) လှူဒါန်းလိုက်ပြီး လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၂ ရက် နံနက် ၁၀ တွင် ရန်ကုန်မြို့ရှိ  Asia World Port Terminal ၌ ကျင်းပခဲ့သည်။ 

ယခုလှူဒါန်းမှုသည် သီရိလင်္ကာပြည်သူများအပေါ် မြန်မာအစိုးရနှင့် ပြည်သူများ၏ စာနာမှုကိုပြသခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အခမ်းအနားတွင် ပြောကြားခဲ့ပြီး ဆန်လှူဒါန်းခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။

သီရိလင်္ကာသံအမတ်ကြီးက ဆန်များတင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌထံသို့ ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ပြီး အစိုးရနှင့်တာဝန်ရှိသူများကို အထူး‌ကျေးဇူးတင်ရှိကြောင်း၊ စီးပွားရေး‌ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံ၏ လတ်တလော အခြေအနေတွင် ယခုကဲ့သို့ လှူဒါန်းခြင်းသည် များစွာအထောက်အကူဖြစ်ကြောင်း၊ လှူဒါန်းပေးရန် စီမံဆောင်ရွက်ပေးခဲ့သည့် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း များစွာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here