မူးယစ်ဆေးဝါးရောင်းဝယ်၊သုံးစွဲသူများအား ဖမ်း ဆီးခြင်းမပြုဘဲ ခြိမ်းခြောက်ငွေကြေးတောင်းယူခဲ့သူ ရဲပြေး ၁ ဦး၊ရဲတပ်ဖွဲ့ဝင် ၆ ဦးအပါအဝင် ၁၂ ဦးအားဖမ်းဆီးရမိ

0
262

မူးယစ်ဆေးဝါးရောင်းဝယ်၊သုံးစွဲသူများအား ဖမ်း ဆီးခြင်းမပြုဘဲ ခြိမ်းခြောက်ငွေကြေးတောင်းယူခဲ့သူ ရဲပြေး ၁ ဦး၊ရဲတပ်ဖွဲ့ဝင် ၆ ဦးအပါအဝင် ၁၂ ဦးအားဖမ်းဆီးရမိ

မူးယစ်ဆေးဝါးရောင်းဝယ်၊သုံးစွဲသူများအား ဖမ်း ဆီးခြင်းမပြုဘဲ ခြိမ်းခြောက်ငွေကြေးတောင်းယူ ခဲ့ကြသည့် ရဲပြေး ၁ ဦး၊ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့်အမျိုး သား ၅ ဦးတို့အား သြဂုတ် ၂၈ ရက်မှစတင်၍ အ သီးသီးဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များအယောင်ဆောင်၍ ခြိမ်းခြောက်ငွေကြေးတောင်းယူမှုများရှိကြောင်း သတင်းအရ လုံခြုံ ရေးအဖွဲ့ဝင်များက စုံစမ်းထောက်လှမ်းဖမ်းဆီးရာမှ ဩဂုတ်လ ၂၈ ရက်ည ၇ နာရီတွင် ရန်ကုန်တိုင်း ၊ဗဟန်းမြို့နယ်၊ရေတာရှည်ရပ်ကွက်၊ရေတာရှည်လမ်းဟောင်း၌ ကိုတင်ဝင်းအောင် (ခ)တင်ကြီး (၂၈)နှစ်နှင့်ကိုမင်းအောင်(ခ)အောင်ထက်မြတ် (၂၈)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။

အလားတူ ည ၈ နာရီတွင်လည်း ရန်ကင်းမြို့နယ်၊ “Real Link” Hotel ၌ ဗဟန်းမြို့နယ်နေ ကိုနိုင်လင်းအောင်(ခ)ဝဏ္ဏ(၂၅)နှစ်၊ရန်ကင်းမြို့နယ်နေသူများဖြစ်သည့် ကိုခိုင်မျိုးဝင်း(ခ)ဘုန်းလူ(၂၇) နှစ်နှင့်ရဲတပ်သားအဆင့်မှရဲပြေးအဖြစ် ကြော်ငြာခံထားရသူ ကိုဝေဖြိုးထွန်း(ခ)ဝေဖြိုး (၂၇)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ည ၈ နာရီခွဲတွင် ဗဟန်းမြို့နယ်၊ရေတာ ရှည်ရပ်ကွက်၊ရေတာရှည်လမ်းဟောင်း၌ ကိုဥက္ကာမင်း(ခ)လင်းသန့်ဦး(၂၄)နှစ်အား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ၎င်းတို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြသည့် ဗဟန်းမြို့မရဲစခန်းမှရဲတပ်သား ၄ ဦးနှင့်ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှရဲတပ်သား ၂ ဦးတို့ကိုလည်း သက် ဆိုင်ရာရဲစခန်းများ၌ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဖမ်းဆီးရမိသူများအား ဖော်ထုတ်စစ်ဆေးချက်အရ ၂၀၂၁ ခုနှစ်မှစတင်၍ ၂၀၂၂ ခုနှစ်၊သြဂုတ်လအထိ ခြိမ်းခြောက်ငွေကြေးတောင်းယူမှု ၁၄ ကြိမ်ပြုလုပ်ခဲ့ကြပြီး ငွေကျပ် ၇၀၇ သိန်း ၃ သောင်းရရှိခဲ့ကာ ခွဲဝေသုံးစွဲခဲ့ကြသည်ဟု သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအနက် ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့်ရဲပြေး ၁ ဦးတို့အား ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေနှင့်နယ်ဘက်ဆိုင်ရာ ရာဇသတ်ကြီးဥပဒေတို့အရ အရေးယူရန်ဆောင်ရွက်လျက်ရှိပြီး အခြားအမျိုးသား ၅ ဦးကိုလည်း ရာဇသတ်ကြီးဥပဒေအရ အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here