မြန်မာနိုင်ငံသားတစ်ဦး မလေးရှားထီပထမဆုဆွတ်ခူးခဲ့

0
212

မြန်မာနိုင်ငံသားတစ်ဦး မလေးရှားထီပထမဆုဆွတ်ခူးခဲ့

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးသည် သြဂုတ် ၂၈ ရက်ကဖွင့်လှစ်သော မလေးရှားထီပထမဆု ရင်းဂစ် ၆၁၀၅၀ အားဆွတ်ခူးရရှိခဲ့သည်ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

မလေးရှားထီပထမဆုအား ဆွတ်ခူးခဲ့သည့် မြန် မာနိုင်ငံသားသည် ပဲခူးတိုင်း၊အုတ်ဖိုမြို့မှဖြစ်ကာ ပထမဆုံးအကြိမ်ထီထိုးချိန်၌ပင် ပထမဆုအား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် မလေးရှားထီစထိုးရာတွင် အခြားလူကပေးသည့် ဂဏန်းအားထိုးခဲ့ခြင်းဖြစ်ကာ အကြီး(၁၀ အသေး ၁၀)နှင့်ပတ်လည်(၁၀)အားထိုးရာမှ ပထမဆု မလေးရင်းဂစ် ၆၁၀၅၀ (မြန်မာငွေကျပ်သိန်း ၄၀၀ ကျော်)ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကံထူးသူမှရရှိသည့် ထီဆုငွေအားကူညီထုတ်ယူပေးရန် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)ထံဆက်သွယ်အကူအညီတောင်းခံခဲ့သဖြင့် ကူညီပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မလေးရှားထီကံထူးသူက ထီဆုငွေထုတ်ယူပြီးချိန်၌ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)၏ပရဟိတကူညီမှုများအတွက် ရင်းဂစ် ၂၀၀၀ လှူဒါန်းခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here