RCSS နှင့် နစကအကြား ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအပါအဝင် အချို့အချက်များ လာမည့်ဆွေး နွေးပွဲတွင် ဆက်လက်ဆွေးနွေးမည်
RCSS နှင့် နစက ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကြား ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စအပါအ ဝင် အချိန်ယူရန်လိုအပ်သည့် အချက်များကို နောက်တစ်ကြိမ်ဆွေးနွေးပွဲတွင် ဆွေးနွေးသွားရန် သဘောတူညီမှု ရ ရှိခဲ့ကြောင်း RCSS က သတင်းထုတ်ပြန်သည်။
နစကနှင့် (၃) ရက်တာ ဆွေးနွေးမှုရလဒ်များနှင့် ပတ်သက်၍ RCSS က စက်တင်ဘာလ (၂) ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အနာဂါတ် ဖက်ဒရ ယ် ပြည်ထောင်စုတည်ဆောက်ရေး အခြေခံမူများအပေါ် နှစ်ဖက်ရပ်တည်ချက်နှင့်ပတ်သက်၍ အချိန်ယူရန်လိုအ ပ်ခြင်း ၊ နစကဖက်မှ တင်ပြစည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စများ ပြန်လည်ဆွေးနွေးရန် အဆင်သင့်မဖြစ်ခြင်း၊ RCSS ၏ အဆိုပြချက်များအပေါ် နစကဖက်မှ ပြန်လည်ဆွေးနွေးရန် ပြင်ဆင်ချိန်လိုအပ်သည့်အတွက် အဆိုပါ အချက်များကို နောင်ဆွေးနွေးပွဲများတွင် ဆက် လက်ဆွေးနွေးရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြော င်း ဖော်ပြသည်။
နစက ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် (၃) ရက်တာဆွေးနွေးမှုတွင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရန် RCSS ၏ နိုင်ငံရေး လမ်းပြမြေပုံနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး RCSS ၏ ဖက်ဒရယ်အခြေခံမူများ၊ ယုံကြည်မှုတည် ဆောက်ရေးဆိုင်ရာလုပ်ငန်များ၊ ဒေသခံများ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ RCSS ဖက်မှ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နစကငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား(၁) ပြည်ထောင်စု ဥပဒေပြုစာ ရင်း၊ ဇယား (၂) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဥပဒေပြုစရင်း၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အ ပိုင်း (၁),(၂),(၃) ပါ သဘောတူညီချက်များ အား ၂၀၀၈ ဖွဲ့ စည်းပုံနှင့် တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုရှိမရှိလေ့လာ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သည့် အဖွဲ့သည် ဩဂုတ်လ (၂၈) ရက်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ဩဂုတ်လ (၂၉) ရက်တွင် နစက ဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဩဂုတ်လ (၃၀) ရက်မှ စက်တင်ဘာလ (၁) ရက်အထိ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် (၃) ရက်ကြာ တွေ့ဆုံနွေးနွေးခဲ့ကြောင်း သိရသည်။