နယူးဇီလန်ဆောင်း အပူနွေးအစိုစွတ်ဆုံးအဖြစ်စံချိန်တင်
ဝဲလ်လင်တန်၊စက်တင်ဘာ ၂
နယူးဇီလန်နိုင်ငံ၏ တောင်ကျွန်းတွင် ပြီးခဲ့သည့်လက နေရာအနှံ့ရေကြီးရေလျှံမှုများကြောင့် စံချိန်တင်အပူနွေးအစိုစွတ်ဆုံးဆောင်းရာသီကို ကြုံတွေ့ခဲ့ရကြောင်း သိပ္ပံပညာရှင်များက စက်တင်ဘာ ၂ ရက် သောကြာနေ့ကပြောကြားခဲ့သည်။
နယူးဇီလန်သည် ၁၉၀၉ ခုနှစ်တွင် အပူချိန်စံချိန်တင်မြင့်တက်ခဲ့ပြီးနောက်ပိုင်း ၎င်း၏တတိယတန်းစားအပူဆုံးရာသီအဖြစ် မှတ်တမ်းတင်ခဲ့သည်။
National Institue of Water and Atomospheric Research မှ သုတေသီများက နိုင်ငံတစ်ဝှမ်းပျှမ်းမျှအပူချိန်မှာ ၉ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး မူလပျှမ်းမျှအပူချိန်ထက် ၁ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ပိုပူသည်ဟုဆိုသည်။အင်စတီကျုမှ သိပ္ပံပညာရှင် Nava Fedaeff ကမူ ရာသီဥတုပြောင်းလဲမှုသည် နယူးဇီလန်၏အပူချိန်ပြောင်းလဲမှုလမ်းကြောင်းကို ခိုင်ခိုင်မာမာအကျိုးသက်ရောက် စေသည်ဟုပြောကြားခဲ့သည်။
ပထမအကြိမ်မှတ်တမ်းတင်စဉ်က ဆောင်းရာသီသုံးလလုံးတွင် ပျှမ်းမျှအပူချိန်ထက် ၁ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ထက် ပိုမိုမြင့်မားခဲ့သည်။နယူးဇီလန်၏ အပူဆုံးဆောင်းရာသီ ၁၀ ခုအနက် ခြောက်ခုမှာ ၂၀၁၃ ခုနှစ်ကဖြစ်ပွားခဲ့သည်။ယခုနှစ်ဆောင်းရာသီသည် ၁၉၇၁ ခုနှစ်မိုးရွာသွန်းမှုမှတ်တမ်းများ စတင်ခဲ့ပြီးနောက်ပိုင်း အစိုစွတ်ဆုံးကာလဖြစ်သည်။
ပြီးခဲ့သည့်လကဖြစ်ပွားခဲ့သော ရာသီဥတုဖောက်ပြန်မှုကြောင့် နယူးဇီလန်နိုင်ငံတောင်ကျွန်းတွင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး ရာနှင့်ချီသောနေအိမ်များကို ဘေးလွတ်ရာသို့ယာယီရွှေ့ပြောင်းခဲ့ရသည်။
Atmospheric River ဟု လူသိများသော အပူပိုင်းဖြစ်စဉ်တစ်ခုကြောင့် Nelson, Tasman, West Coast နှင့် Marlborough တို့တွင်လည်း အရေးပေါ်အခြေအနေကြေငြာထားရသည်အထိ ဖြစ်ခဲ့သည်။နယူးဇီလန်၏ အစိုဆုံးဆောင်းရာသီသည် တစ်ချိန်ချိန်တွင် နိုင်ငံတစ်ဝှမ်းလုံးနီးပါးကိုသက်ရောက်နိုင်သည့် ပြင်းထန်သောမိုးရွာသွန်းမှုဖြစ်စဉ်များကိုလည်း ဖြစ်စေနိုင်သည်ဟု Fedaeff ကပြောကြားခဲ့သည်။
Source – AFP/ fh